ℭ𝔥𝔞𝔭𝔱𝔢𝔯 20 - A good kisser (U)

1.2K 98 32
                                    


╔═════ ═════╗

အခန်း (၂၀)

အနမ်းခြွေတော်သည့်လူ

╚═════ ═════╝

ဤသို့ဖြင့် ဂျရယ်မိုင်ရာ​၏တိုက်ခန်းထဲသို့ အကုန်လုံးရောက်ရှိလာကြသည်။ သူတို့အားလုံးကို ဂျရယ်မိုင်ရာက ဧည့်ခန်းထဲမှာထားခဲ့ပြီး မွန်ဒီနှင့်အတူ သူတို့ဝယ်လာသောအထုပ်များကို နေရာချနေခဲ့သည်။ ဒေါမနစ်နှင့် ကျန်ဘိုးတော်ကြီးများကတော့ တိုက်ခန်းအတွင်း နေရာအနှံ့လှည့်လည်ကြည့်ရှုနေကြ​သည်။ ထို့နောက် သူတို့စပ်စုချင်တိုင်း စပ်စု၍ပြီးသွားကြသည့်အခါ ဧည့်ခန်းရှိ ဆိုဖာခုံရှည်များပေါ်တွင် နေရာတကျထိုင်နေကြသည်။

" ငါတို့ကတော့ ဒင်းကို အင်္ဂလန်တစ်ခွင် ပြဲပြဲစင်အောင် မြေလှန်ရှာခဲ့ရတာ ခုကျတော့ မောင်မင်းကြီးသားက ဒီမှာနေနေတာကိုး... "

အဘင်ဖြစ်သူ အဒေါနစ်က ဂျရယ်မိုင်ရာအား ဖရီးမန်းတစ်မျိုးလုံး ရက်သတ္တပတ်အတော်ကြာ ပင်ပင်ပန်းပန်းရှာဖွေခဲ့ကြရသည့်နေ့ရက်များကို မြင်ယောင်လာသောကြောင့် မကျေနပ်မှုရေးတေးတေးဖြင့် ပြောလိုက်သည်။ ယခုအခါတော့ ဂျရယ်မိုင်ရာကို အလွယ်တကူ ရှာတွေ့ခဲ့ကြပြီးဖြစ်သည်။

မည်သို့မည်ပုံ ရှာဖွေတွေ့ရှိခဲ့ကြသည်ကတော့....။

လွန်ခဲ့သော ၂ ရက်ကဖြစ်သည်။ မထင်မှတ်ထားသည့်နေရာတစ်ခုတွင် ဆိုင်တစ်ဆိုင်ထဲမှ ပစ္စည်းများနှင့်အတူ ထွက်လာသော ဂျရယ်မိုင်ရာအား အဘိုးဖြစ်သူ ဂရေဟမ်က တွေ့ရှိခဲ့သည်။ ထို့ကြောင့် ဖရီးမန်းဘိုးတော်ကြီးများက ယနေ့တွင် ဂျရယ်မိုင်ရာကို စောင့်ဖမ်းဖို့ ပြင်ဆင်ခဲ့ကြခြင်းသာ။ ဂျရယ်မိုင်ရာ စံအိမ်တော်သို့ပြန်မလိုက်လျှင်လည်း သူ့အားဝိုင်းသမဖို့ လက်သီးလက်မောင်းတန်းလာခဲ့ကြသည်။

သို့သော် ဂျရယ်မိုင်ရာက ယခုအချိန်တွင် အလွန်တည်ငြိမ်အေးဆေးနေပြီဖြစ်သောကြောင့် သူတို့လည်းအခြေအနေပေါ်မူတည်ပြီး အိမ်တော်ပြန်လာရန် စည်းရုံးဖို့ လွယ်ကူလောက်သည်။

𝐈𝐦𝐦𝐨𝐫𝐭𝐚𝐥 𝐅𝐨𝐞𝐬 // OC Completed//Where stories live. Discover now