ℭ𝔥𝔞𝔭𝔱𝔢𝔯 38 - "Jeremiah ... Be Pregnant!" (U)

748 63 12
                                    



╔═════ ࿇ ═════╗

𝕮𝖍𝖆𝖕𝖙𝖊𝖗 38
"Jeremiah ... Be pregnant! "

╚═════ ࿇ ═════╝


ဂျရယ်မ်ိုင်ရာက Teleport အတွင်းကနေ အရင်ဆုံးထွက်လာခဲ့သည်။ သူခေါ်လာသည့်နေရာက ခရစ်စတိုဖာနှင့်ခေတ္တတည်းခိုနေထိုင်ရာ ဘုန်းတော်ကြီးကျောင်းရှိ အခန်းဆောင်ပင်။ ဂျရယ်မိုင်ရာက ကြမ်းပြင်ပေါ်က မွေ့ရာပေါ်သို့ မေးငေါ့ကာ လက်ညိုးညွှန်ပြလိုက်သည်။

" သူ့ကို ဒီမှာချလိုက် "

ကီရမ်က မွန်ဒီ၏ကိုယ်လေးကို ညင်သာစွာ မွေ့ယာပေါ်ကို ချသည်။ ဂျရယ်မိုင်ရာလည်း မွန်ဒီ့ကို အမြန်ဆုံးကုသပေးရန် ပြင်ဆင်သည်။ သူ၏ပါးစပ်ကနေ ဂါထာမန္တန်များ ရွတ်ဆိုကာ ကုသပေးသည်။ သို့သော်ဒဏ်ရာက အရှင်းမပျောက်နိင်ဘဲ အဆိပ်ကျန်နေသေး၏။မွန်ဒီ၏ အဆိပ်ကို အမြစ်ပျက်အောင်ကုသပေးနိုင်မည့်သူကို စဥ်းစားလိုက်သောအခါ ကိုတကို သတိရမိသည်။ ထို့ကြောင့် စောင့်တာ ဒီတိုင်းမစောင့်ခိုင်းရင် ကောင်းမလားလို့ သူ့အစွမ်းနှင့် အဆိပ်ကို ထိန်းထားရင်း ကိုတအလာကို စောင့်ဆိုင်းနေရုံသာ။

ကီရမ်ကလည်း ရေခဲအဆိပ်တက်နေသဖြင့် မွန်ဒီ့အနားမှာ တုန်ယင်စွာ ထိုင်နေခဲ့သည်။ ဂျရယ်မိုင်ရာလည်း သူ့ပုံစံက်ို သတိထားမိခဲ့၏။

" မင်း လှဲချလိုက် ... အဆိပ်တွေ ပိုမပျံ့လာခင် ငါရသလောက် ဖြေပေးထားမယ် ... ငါ့ကုသနည်းက မင်းကိုယ်ပေါ်က ဒဏ်ရာတွေကိုတော့ပျောက်ပါတယ်။ ငါက pro healer မဟုတ်တော့ ဒီလောက်ပဲ တတ်နိုင်တယ် "

ဂျရယ်မိုင်ရာလည်း ကီရမ်၏ကိုယ်လုံးကို မွန်ဒီ့အနားမှာ ချက်ချင်းလှဲချခိုင်းလိုက်ရင်း စောစောကအတိုင်း ဂါထာမန္တန်များရွတ်ဆိုကာ သူ၏ကိုယ်တွင်းစွမ်းအားဖြင့် ကုသပေးနေခဲ့သည်။ ကီရမ်လည်း မှိန်းမောရင်း အိပ်ပျော်သွားခဲ့လျက်။

----

လနန်းတော်တွင် လနတ်ဘုရားမနှင့် လက်ရုံးတော်နတ်သားများက ခရစ်စတိုဖာကို အမြှီးကိုးချောင်းမြေခွေးအသွင်ပြောင်းလဲလျက် သူ့မိခင်တည်ရှိရာဥယျာဉ်တော်အတွင်းသို့ ဖမ်းဆီးခေါ်ဆောင်လာခဲ့ကြသည်။ ဥယျာဉ်တော်သည် တိမ်ခိုးတိမ်ငွေ့များဖြင့် လွှမ်းခြုံနေပြီး အရောင်သွေးစုံလင်လှသော ပန်းပွင့်လေးများ၊ လိပ်ပြာလေးများဖြင့် ပြည့်နှက်နေခဲ့ပြီး ထုံကြိုင်မွှေးပျံ့နေခဲ့သည်။ ရုတ်တရက် လိုက်ကာသဖွယ်ဖြသ်နေသည့် ပန်းနွယ်ကြိုးများကို ဖွင့်လိုက်သည့်အခါ ဖြူဖွေးသန့်စင်စွာ လှပနေသောအမြှီးကိုးချောင်းမြေခွေးဖြူအသွင်နှင့် ဟီရိုကိုမှာ မှေးစက်နေသည်။ လနတ်ဘုရားမက ချောင်းဟန့်လိုက်သောကြောင့် ဟီရိုကိုလည်း လန့်နိုးလာခဲ့သည်။ ဟီရိုကိုလည်း လနတ်ဘုရားမကို မြင်လျှင်မြင်ချင်း အိပ်နေရာမှ ထခဲ့သည်။

𝐈𝐦𝐦𝐨𝐫𝐭𝐚𝐥 𝐅𝐨𝐞𝐬 // OC Completed//Where stories live. Discover now