ℭ𝔥𝔞𝔭𝔱𝔢𝔯 39 - The End of Immortal Foes (U)

849 61 41
                                    

╔═════ ࿇ ═════╗

𝕮𝖍𝖆𝖕𝖙𝖊𝖗 39
The End of Immortal Foes

╚═════ ࿇ ═════╝

ညတစ်ချက်ခွဲ၌ ဖရီးမန်းတို့၏စံအိမ်တော်ကို ဂါဗင်၏မိစ္ဆာတပည့်များမှ ဖျက်ဆီးရန် ရောက်ချလာကြသည်။ သို့သော် စံအိမ်တော်​၏ဧရိယာတစ်ခုလုံးက အကာအကွယ်အစီအမံများဖြင့် ခြံရံထားခြင်းခံရသည့်အတွက် သူတို့မှာယင်းအကာအကွယ်များကိုကျော်လွန်၍ ထိုးဖောက်ဝင်ရောက်နိုင်ခြင်းမရှိကြပေ။

ထိုစဉ် ဂါဗင်က ဒိုရီယန်ကို bar အတွင်းက VVIP အခန်းတစ်ခန်းထဲတွင် စောင့်နေခဲ့သည်။ ရီကာဒိုနှင့်ဒိုရီယန်နှစ်ယောက်သားတွဲနေသည်ကို ဂါဗင်က သူ့တပည့်များထံမှ အကြောင်းစုံသိရှိထားခဲ့သည်။ ဤနေ့တွင် ရီကာဒိုမသိအောင် ဒိုရီယန်ကို ချိန်းဆိုခဲ့​ခြင်းပင်။

ဂါဗင်က မှင်သေအေးစက်သောမျက်နှာထားဖြင့် စားပွဲခုံပေါ်က အရက်ခွက်ကို မျက်တောင်မခတ်ဘဲ စိုက်ကြည့်နေသည်။ ရုတ်တရက် အခန်းတံခါးပွင့်လာခဲ့ပြီး ဒိုရီယန်လည်း ဂါဗင့်ဆီသို့ လျှောက်လာခဲ့သည်။ ဒိုရီယန်မှာ ဂါဗင်နှင့်အကြည့်ချင်းဆုံလျှင် စကားစပြောသည်။

" ကျွန်တော့်ကို ခေါ်ရတဲ့အကြောင်းက ... "

" ရီကာဒိုနဲ့လမ်းခွဲလိုက်"

" ဗျာ ... "

ဒိုရီယန်လည်း သေးသိမ်သောအသံတစ်ခုနှင့် တုံ့ပြန်မိသည်။ ထိုစကားကိုကြားလိုက်ရသည့်အခါ သူ့မျက်နှာလည်း မှိုင်ကျသွားသည်။ သူ့လက်သီးများကို ခပ်တင်းတင်းဆုပ်ထားခဲ့လျက်။ ဂါဗင်၏မှင်သေသေမျက်နှာထားက ပြုံးယောင်သမ်းလာသယောင်။ သူ၏မျက်ဝန်းများကမူ အေးစက်တည်ငြိမ်နေပေသည်။

" မင်း ငါ့အစ်ကိုကို တကယ်မချစ်နိုင်ပါဘူး "

ဒိုရီယန်မှာ ဂါဗင်၏ဒုတိယစကားကြောင့် မျက်မှောင်ကြုတ်သွားသည်။ ရီကာဒိုမှာ ဂါဗင်တို့နှင့်ပူးပေါင်းတိုက်ခိုက်ဖို့ ငြင်းဆန်ခဲ့သည့်အတွက် ရီကာဒိုကိုတမင်စိတ်ဒုက္ခပေးရန် ကြံစည်ထားသည်။ အပျင်းပြေ အပျော်တမ်းကစားပွဲလေးတစ်ခုကို ဆော့နေရသည့်အတိုင်း ဒိုရီယန်နှင့်ရီကာဒိုကို လမ်းခွဲအောင် ပြုလုပ်ဖို့ရည်ရွယ်နေလျက်။

𝐈𝐦𝐦𝐨𝐫𝐭𝐚𝐥 𝐅𝐨𝐞𝐬 // OC Completed//Where stories live. Discover now