ℭ𝔥𝔞𝔭𝔱𝔢𝔯 19 - Surprise Day (U)

1.1K 114 32
                                    

╔═════ ࿇ ═════╗

𝕮𝖍𝖆𝖕𝖙𝖊𝖗 19

𝕾𝖚𝖗𝖕𝖗𝖎𝖘𝖊 𝕯𝖆𝖞

╚═════ ࿇ ═════╝




ယနေ့မနက်ခင်းတွင် နောက်ကျမှအိပ်ရာထလေ့ရှိသည့် မွန်ဒီတစ်ယောက် အစောကြီးနိုးနေခဲ့သည်။ ဂျရယ်မိုင်ရာက နေ့လည်ခင်း shopping ထွက်ဖို့အတွက် ပြင်ဆင်နေတုန်းမှာ မွန်ဒီကလည်း သူမကိုပါ တစ်ခါတည်းအပါခေါ်သွားဖို့ မရမကပူဆာနေခဲ့သည်။

ထို့ကြောင့် သူလည်း သူမကိုလိမ္မာပါက အမြဲတမ်းအပြင်ခေါ်သွားမည်ဖြစ်ကြောင်း၊ ဆိုးသွမ်းပါက ပင်လယ်ထဲ ပြန်လွှတ်မည်ဖြစ်ကြောင်း ခြိမ်းခြောက်ပြောဆိုလျက်။ သူအမြဲသွားနေသည့် shopping center ကြီးထဲသို့ သူမကိုခေါ်ချလာခဲ့သည်။

မွန်ဒီ့အနေဖြင့် ကျယ်ပြန့်လှသည့် လူ့လောကကြီးကိုစမြင်ဖူးသည်က ယနေ့ပထမဦးဆုံးဖြစ်သောကြောင့် အရာရာတိုင်းက သူမအတွက် အလွန့်အလွန်ထူးခြားဆန်းသစ်နေခဲ့သည်။
ထို့နောက် မွန်ဒီလည်း ဂျရယ်မိုင်ရာအား သူမလိုချင်သော အရုပ်များ၊အင်္ကျီများအား မြင်မြင်သမျှ လက်ညိုးထိုးပြပြီးဝယ်ပေးဖို့ တဂျီဂျီ ပူဆာနေခဲ့သည်။ သို့ရာတွင် ဂျရယ်မိုင်ရာက အကုန်နီးပါးမဝယ်ပေးနိုင်ကြောင်းပြောခဲ့ပြီးနောက် အသင့်အတင့်လောက်သာ ဝယ်ပေးခဲ့သည်။

​များမကြာမီအချိန်တွင် မွန်ဒီက အသားငါးရောင်းသည့် ဈေးတန်းဘက်သို့ ရောက်လာခဲ့သည်။
ထို့နောက် သူမက အသားငါးမျိုးစုံကို ရေခဲသေတ္တာများထဲတွင် သေချာပါကင်ပိတ်လျက် ခင်းကျင်းပြသထားသော ငါးသေများ၊ ပုဇွန်သေများ၊ ပြည်ကြီးငါးသေများကို မှန်အပြင်ကနေမြင်မိလျှင် ချက်ချင်းထိတ်လန့်တုန်လူပ်သွား​၏။

​၎င်းတို့ကို မွန်ဒီက လက်ညိုးညွှန်လိုက်ရင်း ဆူဆူပုပ်ပုပ်ပြောသည်။

" ဂျရယ် ဂျရယ်၊ ဒါ ဟိုးနေ့က ရှင်ပြောခဲ့တဲ့ ပင်လယ်သတ္တဝါလေးတွေကို လူတွေဖန်တီးစားသောက်ကြတဲ့ပုံစံတွေထဲက တစ်ခုမလားဟင် "

𝐈𝐦𝐦𝐨𝐫𝐭𝐚𝐥 𝐅𝐨𝐞𝐬 // OC Completed//Where stories live. Discover now