ℭ𝔥𝔞𝔭𝔱𝔢𝔯 33 - Thank You, Father

600 57 4
                                    

[ လက်ရှိအခန်းတွင်ပါဝင်သည့် ဂျရယ်မိုင်ရာ​၏ဘိုးဘေးအမည်နာမများအား မြန်မာမှုဖြင့် အလွယ်မှတ်သားနိုင်ရန်။

အဖေ    = ဒေါမနစ်
အဘိုး   = ဂရေဟမ်
အဘေး = လင်ကွန်း
အဘီ     = ဂါဘရီရယ်
အဘင်  = အဒေါနစ်
အဘောင်= ဂျက်စပါ
အဘော =   တီမိုသီ (ဖရီးမန်း)
]


╔═════ ࿇ ═════╗

𝕮𝖍𝖆𝖕𝖙𝖊𝖗 33

Thank You, Father

╚═════ ࿇ ═════╝

ဖရီးမန်းစံအိမ်တော်၌ မွန်ဒီပျောက်ဆုံးနေခဲ့သ
ဖြင့် အားလုံးက စိတ်ပူနေခဲ့ကြ၏။ မွန်ဒီ့ကို စံအိမ်တော်အတွင်းတင်မက အပြင်ပါ နေရာအနှံ့လိုက်လံရှာဖွေနေကြရင်း ဆူညံပွက်လောရိုက်နေကြသည်။

ဂျရယ်မိုင်ရာ​၏လုပ်ရပ်ကြောင့်လည်း မိသားစုဝင်များမှ ဒေါသထွက်နေခဲ့ကြပြီး မွန်ဒီကမူ သူမ​၏ဖရီးမန်းမိသားစုဝင်များကို သတိရခြင်းမရှိတော့ဘဲ ကီရမ်နှင့်သာ အချိန်အတူတူကုန်ဆုံးနေခဲ့လျက်။

ယခုအချိန်တွင် ဒေါမနစ်မှာ သူ​၏သားဂြိုဟ်ကောင် ဂျရယ်မိုင်ရာနှင့် သမီး အကဲစိန် မွန်ဒီတို့ကြောင့် ခေါင်းသွေးဆောင့်တက်နေခဲ့​၏။ တီမိုသီဖရီးမန်းကမူ ဂျရယ်မိုင်ရာ​၏လုပ်ရပ်နှင့်ပတ်သက်၍ အလွန်စက်ဆုပ်ကာ အမျက်စူးရှနေခဲ့သည်။

ဂရေဟမ်၊ လင်ကွန်း၊ ဂါဘရီရယ်နှင့် အဒေါနစ်တို့က ပါးစက်တစ်ယောက်တစ်ပေါက်ဖြင့် တီမိုသီအား ဂျရယ်မ်ိုင်ရာအကြောင်းကို အလုအယက် တိုင်တန်းပြောဆိုကြသည်။ ဂျရယ်မိုင်ရာမှ ခရစ်စတိုဖာကို မည်ကဲ့သို့ကာကွယ်ပြောဆိုခဲ့ကြောင်းနှင့် ဘိုးဘေးများအား မည်ကဲ့သို့ ရန်တွေ့ခဲ့ပုံတို့ကိုလည်း ပြန်လည်သရုပ်ပြတက်ဆက်ခဲ့ကြသေးသည်။ ဒေါမနစ်မှာ နားပူနေသည်။

အကြောင်းမှာ  သူ့ဘိုးဘေးများက ပြဿနာကို အေးဆေးမဖြေရှင်းကြဘဲ ဒေါသကိုယ်စီဖြင့် ဝုန်းဒိုင်းကြဲကာ ဆူပူနေခဲ့ကြသောကြောင့်ပင်။ ထို့ကြောင့် သူစိတ်ပျက်မိ၏။

ဂရေဟမ်က ဂျရယ်မိုင်ရာနေရာကနေ သူမြင်ခဲ့သည့်ပုံစံအတိုင်း သေချာသရုပ်ဆောင်ပြခဲ့ပြီး ဂါဘရီရယ်နှင့်ဂရေဟမ်က ဂျရယ်မိုင်ရာကို ပြောခဲ့သလို ပြန်ပြောခဲ့ကာ သရုပ်ပြတင်ဆက်ခဲ့သည်။ အလားတူစွာ အဒေါနစ်က ကိုတနေရာမှ ကူညီသရုပ်ဆောင်ပေးသူ လင်ကွန်းအား သူ​၏တစ်ကြောင်းတည်းသော ဇာတ်ဝင်ခန်းစကားကို ဟန်ပန်အပြည့်ဖြင့် ပြန်လည်သရုပ်ဖော်ပြောဆိုခဲ့သည်။

𝐈𝐦𝐦𝐨𝐫𝐭𝐚𝐥 𝐅𝐨𝐞𝐬 // OC Completed//Where stories live. Discover now