ℭ𝔥𝔞𝔭𝔱𝔢𝔯 2 - Prince 's Funeral (U)

4.4K 295 35
                                    

╔═════ ࿇ ═════╗

𝕮𝖍𝖆𝖕𝖙𝖊𝖗 2
𝕻𝖗𝖎𝖓𝖈𝖊 '𝖘 𝕱𝖚𝖓𝖊𝖗𝖆𝖑

╚═════ ࿇ ═════╝



​ပျစ်နှစ်နေသော သွေးစီးကြောင်းများက သန့်စင်ခန်း၏ကြမ်းပြင်တစ်လျှောက်တွင် ပြန့်ကျဲနေခဲ့သည်။

" အဟွတ် ဟွတ် ... ဝေါ့ .... "

ဘေစင်၌ ခရစ်စတိုဖာ​၏သွေးအန်နေသောအသံက အဆက်မပြတ် ထွက်ပေါ်နေခဲ့သည်။

" ဂျရယ်မိုင်ရာ ... မင်းက ဘယ်လောက်ပဲ အစွမ်းထက်နေတဲ့အကောင်ကြီးပဲဖြစ်နေအုံး။ ငါမသေမချင်း မင်းကိုသေအောင် သတ်မှာ။ အားးး ဒီခွေးမသားတော့ ... "

' ခွပ် .... ခွမ်းး '

ခရစ်စတိုဖာ​၏အားပြင်းပြင်းလက်သီးထိုးချက်ကြောင့် သူ့ရှေ့က ကြည့်မှန်ချပ်ဟာ ခွမ်းခနဲ ကွဲအက်သွားတော့သည်။ မှန်ကွဲစတို့သည် သူ​၏သွေးများပြည့်နှက်နေသော ဘေစင်အတွင်း ကွဲကျကုန်လျက်။ လက်ရှိအချိန်တွင် ခရစ်စတိုဖာအနေဖြင့် စိတ်ပိုင်းဆိုင်ရာတင်မက ရုပ်ပိုင်းဆိုင်ရာကပါ အပြင်းအထန်ဆုံးသောနာကျင်မှုများနှင့်အတူ သီးခြားကမ္ဘာတစ်ခုတွင် ရှိနေခဲ့သယောင်။

အံကြိတ်ထားရင်း သွေးထွက်နေဆဲဖြစ်သည့် သူ၏ဝမ်းဗိုက်ဒဏ်ရာကို သူ့လက်ဖဝါးဖြင့် ဖိနှိပ်ထားသည်။ ထိုစဉ် သူ၏နားအတွင်းပိုင်းထဲကနေ အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။

" ကိုကြီး ဂျရယ် "

ထိုအသံဟာ ခရစ်စတိုဖာကို ရုတ်တရုတ် အံ့အားသင့်စေခဲ့သည့်အပြင် တုန်လူပ်ခြောက်ခြားသွားစေသည်က အမှန်ပင်။ ဆက်လက်၍ ထိုအသံနှင့်အတူ ရယ်မောသံတွေက ဆက်တိုက်ထွက်လာခဲ့သည်။

" ကိုကြီး ဂျရယ် .... ဟားဟား ...."

ခရစ်စတိုဖာလည်း အသက်ရှူဖို့ပင် မေ့သွားရသည်အထိ လန့်ဖျပ်တုန်လှုပ်ကာ အသားကုန်အော်ဟစ်တော့သည်။

" ရပ်လိုက် ...   ရပ်လိုက်လို့ ပြောနေတယ်... "

ခရစ်စတိုဖာတစ်ယောက် မျက်လုံးမျက်ဆန်ပြူးနေတုန်း ထိုအသံတင်မက ရုပ်ပုံတို့မှာ အပြည့်အစုံ တွဲလျက်ပေါ်လာတော့သည်။

𝐈𝐦𝐦𝐨𝐫𝐭𝐚𝐥 𝐅𝐨𝐞𝐬 // OC Completed//Where stories live. Discover now