ℭ𝔥𝔞𝔭𝔱𝔢𝔯 31 - A Promise of Happiness

564 61 11
                                    

╔═════ ࿇ ═════╗

𝕮𝖍𝖆𝖕𝖙𝖊𝖗 31

A Promise of Happiness

╚═════ ࿇ ═════╝

မွန်ဒီတစ်ယောက် နောက်ဖေးလမ်းကြိုလမ်းကြားများမှ ကမူးရှူးထိုး ပြေးလာသည်။

လူသားဝိညာဉ်များကို စားသုံးတတ်ကြသည့် မကောင်းဆိုးဝါးမိစ္ဆာများမှ လိုက်လံဖမ်းဆီးမှုကို ခံနေရ​ခြင်းဖြစ်၏။ သူမ ယခုကဲ့သို့ အသက်လုပြေးနေရသည်မှာ ၁ နာရီတောင် ကျော်နေခဲ့ပြီ။

" အားရား ... ကီရမ်ကို ဖုန်းခေါ်ဖို့အရေး ပြေးနေရတာနဲ့ကို မခေါ်နိုင်ဘူး ... အရေးထဲ ဂျရယ်သင်ပေးထားတဲ့ ဂါထာတွေ တိုက်ကွက်တွေပါ မေ့သွားပြီ ... "

မွန်ဒီလည်း ပါးစပ်ကနေ တတွတ်တွတ်ပြောနေလျက် သူမ​၏စလွယ်အိတ်ထဲက ဖုန်းကိုအမြန်ထုတ်ခဲ့သည်။ ထို့နောက် ကီရမ်​၏နံပါတ်ကို အသည်းအသန်နှိပ်ခဲ့သည်။

ကီရမ်က ဖုန်းကို တော်တော်နှင့်မကိုင်ခဲ့သောကြောင့် နောက်တစ်ကြမ် ဆက်သွယ်ခဲ့သည်။

ကီရမ်က အိပ်ရာမဝင်ခင် သွားတိုက်နေခဲ့တာဖြစ်ပြီး သူ့အခန်းထဲ ပြန်လာတဲ့အချိန် မွန်ဒီဖုန်းခေါ်နေတာကို မြင်လျှင်မြင်ချင်း ဖုန်းပြန်ဖြေခဲ့သည်။

" ဟေး မွန်ဒီ ... ဒီအချိန်ကြီး မအိပ်သေးဘူးလား "

" ကီရမ် ... ငါ့ကိုလာကယ်ပါ ... ငါ့နောက်မှာ မကောင်းဆိုးဝါးတွေအများကြီးပဲ ..."

မွန်ဒီ​၏စူးရှရှအော်ပြောမှုကြောင့် ကီရမ့်ခမျာ နှလုံးတုန်ကာ လက်ထဲက ဖုန်းကိုလွတ်ကျမလိုဖြစ်သွားသည်အထိ ထိတ်လန့်သွားရသည်။

သို့သော်လည်း သူ့ကိုယ်သူ ပြန်တည်ငြိမ်အောင်လုပ်ပြီး မွန်ဒီနှင့် ပြန်စကားပြော​၏။

" မွန်ဒီ ... မင်းခုပြေးနေတဲ့နေရာကို ငါ့ location ပို့လိုက် ... တောက်လျောက် location ပို့နေ "

" အေး အေး "

မွန်ဒီက အသက်လုပြေးနေစဉ် ကီရမ်ကို link ပို့ရန် ကြိုးစားခဲ့သည်။ ကီရမ်က မွန်ဒီပို့လိုက်သည့် location ကို ကြည့်ပြီးနောက် ...

𝐈𝐦𝐦𝐨𝐫𝐭𝐚𝐥 𝐅𝐨𝐞𝐬 // OC Completed//Where stories live. Discover now