ℭ𝔥𝔞𝔭𝔱𝔢𝔯 4 - Lustful Enemy (U)

2.8K 224 63
                                    

╔═════ ࿇ ═════╗

𝕮𝖍𝖆𝖕𝖙𝖊𝖗 4
𝕷𝖚𝖘𝖙𝖋𝖚𝖑 𝕰𝖓𝖊𝖒𝖞

╚═════ ࿇ ═════╝


" မင်းရေချိုးပြီးမှ ဇာတ်လမ်းဆက်ရှင်းမယ် "

ခရစ်စတိုဖာခမျာရရေချိုးခန်းအပြင်ကနေ ရင်တလှပ်လှပ်တုန်နေရင်း ဂျရယ်မိုင်ရာကို အော်ပြောလိုက်သည်။ တစ်မိနစ်သာသာလေးတွေ့လိုက်ရသော ဂျရယ်မိုင်ရာ​၏အဝတ်ဗလာမြင်ကွင်းက သူ့မျက်စိထဲတွင် ယခုထိတိုင် ဖျောက်ဖျက်မရအောင် စွဲကျန်နေသည်က သူ့ကိုပိုရင်တုန်စေ​ခဲ့သည်။

သူ့မသိစိတ်ကနေ မှတ်ချက်ပေးချင်မိသည်။ ဂျရယ်မိုင်ရာ​၏ ခန္ဓာကိုယ်က အလွန်ညို့ဓာတ်ပြင်းလွန်းသည်ကို။ ဂျရယ်မိုင်ရာ​၏ နောက်ကျောပေါ်က ဂမ္မီရအငွေ့အသက်ပါရှိသည့် ခြင်္သေ့ကိုယ်ကို ရစ်ပတ်ထားသော မြွေဟာက်နက်တက်တူးကလည်း သူ့စိတ်ကို အလွန်ဖမ်းစားနိုင်ခဲ့သည်။ ထို့အပြင် ဂျရယ်မိုင်ရာ​၏မှိုပွင့်ကလည်း သူ့မျက်စိထဲကနေ ထုတ်မရခဲ့ပေ။

ဆက်လက်ခွဲခြမ်းစိတ်ဖြာကြည့်ပါက -

၁ ။ ဂျရယ်မိုင်ရာ၏ထူးခြားသော အသားရည်ကြည်လင်သန့်ပြန့်ကာ တောက်ပြောင်နေမှု

၂။ ယောကျာ်းပီသခြင်းလက္ခာဆောင်နေကာ ပန်းပုသဖွယ် ထုဆစ်ထားသကဲ့သို့ တည်ရှိနေသောကြွက်သားအဖုအထစ်များ

၃ ။ ရက်စက်မှုနှင့် နူးညံ့မှုပါနေသော ဂျရယ်မိုင်ရာ၏မျက်နှာပေးများ

၄ ။ ရွှေအိုမျှင်ရောင်တလတ်လတ်တောက်နေသော တိုကပ်သည့်ဆံနွယ်များ

၅ ။ ရွှေအိုမျှင်ရောင်မဟုတ်နေဘဲ ထူထဲသောရွှေရောင်မျက်ခုံးမွှေးတစ်စုံအောက်က ပြာလဲ့ကြည်တောက်နေသော မှော်ဝင်နီလာရောင်မျက်လုံးများ

အစရှိသောအချက်များကြောင့် ဂျရယ်မိုင်ရာမှာ ဂန္ဓဝင်မြောက်ပန်းချီကားချပ်တစ်ခုထဲက ရဲစွမ်းသတ္တိနှင့် ပြည့်နေသော တော်ဝင်မင်းသားတစ်ပါးအလား ပြီးပြည့်စုံလွန်းနေသည်က အမှန်ပင်။ထိုမြင်ကွင်းများကို အောက်ပိုင်းကနေ အပေါ်ပိုင်းထိ ခရစ်စတိုဖာအနေဖြင့် သူ​၏မသိစိတ်အာရုံထဲတွင် zoom ဆွဲကြည့်နေမိ​၏။ ဂလု ဂလုနှင့် တံတွေးများကိုလည်း မြိုချနေခဲ့ရသည်။

𝐈𝐦𝐦𝐨𝐫𝐭𝐚𝐥 𝐅𝐨𝐞𝐬 // OC Completed//Tahanan ng mga kuwento. Tumuklas ngayon