ℭ𝔥𝔞𝔭𝔱𝔢𝔯 35 - My Boss's Wild Love Confession (U)

540 56 0
                                    

╔═════ ࿇ ═════╗

𝕮𝖍𝖆𝖕𝖙𝖊𝖗 35

My Boss's Wild  Love Confession

╚═════ ࿇ ═════╝

ကီရမ်က မတ်တပ်ထရပ်လိုက်ပြီး ဝေလငါးပြာ၏ဦးခေါင်းပိုင်းသို့ သွားခဲ့သည်။ မွန်ဒီလည်း သူ့နောက်မှ အမြန်လိုက်လာသည်။ ထို့နောက် သူတို့နှင့် ၅ မီတာအကွာမှာ တည်ရှိနေသောဧရာမရေမိစ္ဆာကောင်ကြီး၏ရဲတောက်နေသော မျက်လုံးနှစ်လုံးကို နှစ်ယောက်သား မျက်ဝါးထင်ထင် တွေ့ရှိလိုက်ရချိန်၌ မွန်ဒီက ကြက်သီးမွေးညင်းထသွားခဲ့လျက်။ ကီရမ်ကတော့ သွေးနေသည့်မျက်လုံးများဖြင့် တည်ငြိမ်နေဆဲပင်။

" ကီရမ် ပြေးကြရအောင် "

" ဟင့်အင်း ... မပြေးပါဘူး။ နင်သာ ဝေးဝေးရှောင်နေ "

ကီရမ်က ဝေလငါးပြာကိုယ်ပေါ်ကနေ အထက်သို့ ခုန်တက်ခဲ့ပြီးနောက် သူ၏အာခံတွင်းကနေ ဧရာမရေပူဖောင်းကြီးတစ်လုံးကို မွန်ဒီနှင့် ဝေလငါးပြာကြီးဆီသို့ မှုတ်လွှတ်လိုက်ကာ ကာကွယ်ပေးထားခဲ့သည်။ ၎င်းရေပူဖောင်းလုံးကြီးက မွန်ဒီနှင့်ဝေလငါးပြာကို သူနှင့်အဝေးဆုံး လုံခြုံသည့်တစ်နေရာသို့ ခေါ်ဆောင်သွားခဲ့သည်။

" ကီရမ် ... မတိုက်ခိုက်ဘဲ ပြေးတော့။ နင်သေသွားလိမ့်မယ် "

မွန်ဒီမှာ ရေပူဖောင်းအတွင်းထဲကနေ အသည်းအသန် အော်ဟစ်နေခဲ့သော်လည်း ကီရမ်က ဂရုမစိုက်ခဲ့ပေ။ သူ့ရှေ့တွင်ရှိနေသောရန်သူကိုသာ ပြုံးပြနေခဲ့သည်။ ထို့နောက် သူ၏ဧရာမရေနဂါးအသွင်ကို ရန်သူ့ခန္ဓာကိုယ်ထက် ၂ ဆကြီးအောင် ဖန်ဆင်းလိုက်ပြီးလျှင် စတင်ဟိန်းဟောက်ခဲ့သည်။ ရေမိစ္ဆာသတ္တဝါကြီး၏ခန္ဓာကိုယ်အရောင်မှာ ရေညှိပုပ်ရောင်ဖြစ်၏။

ထိုသတ္တဝါကြီးသည် နဂါးကီရမ်ဆီသို့ ရန်လိုစွာ တဟုန်ထိုး ကူးခတ်လာသည်။ နဂါးကီရမ်က ရှောင်တိမ်းလိုက်ပြီး အမြှီးပိုင်းဖြင့် သတ္တဝါကြီးကို ပိတ်ရိုက်လိုက်၏။ ရေသတ္တဝါကြီးလည်း အမျက်ဒေါသထွက်သွားပြီး သူ၏ပါးစပ်ကို ကျယ်ဝန်းစွာ ဖွင့်ဟခဲ့သည်။ ဧရာမသွားအစွယ်ကြီးများက ကြောက်စရာကောင်းလွန်းလျက်။

𝐈𝐦𝐦𝐨𝐫𝐭𝐚𝐥 𝐅𝐨𝐞𝐬 // OC Completed//Место, где живут истории. Откройте их для себя