ℭ𝔥𝔞𝔭𝔱𝔢𝔯 25 - True Loves?

1K 80 22
                                    

╔═════ ࿇ ═════╗

𝕮𝖍𝖆𝖕𝖙𝖊𝖗 25

True Loves?

╚═════ ࿇ ═════╝

ကိုတနှင့်ဟီရိုက်ိုတို့နှစ်ယောက်
သူတို့အတိတ်တွင်
ပြောခဲ့ကြသောစကားတစ်ချို့....

" ကျွန်မတစ်ခုခုဖြစ်ရင် အဲဒီကောင်လေးကို ရှင်ကပဲ စောင့်ရှောက်ပေးနိုင်မလား ... သူအသက် ၂၀ မကျော်ခင်ထိလေ ...
စိတ်ထဲရှိတိုင်း ပြောရမယ်ဆို ကျွန်မက သူလေးကို နာကျင်စရာတွေနဲ့ မရှင်သန်စေချင်ဘူး။ မကြီးပြင်းလာစေချင်ဘူး။ သူလေးကို နာကျင်စရာမှတ်ဉာဏ်တွေအစား ပျော်စရာမှတ်ဉာဏ်ကောင်းတွေနဲ့ပဲ အမြဲတမ်း ရှင်သန်စေချင်တာ ... ဒါကကျွန်မရဲ့နောက်ဆုံးဆန္ဒဖြစ်ကောင်းဖြစ်လိမ့်မယ် ..."

" မင်း ဘာတွေလုပ်အုံးမလို့လဲ။ ငါမင်းကိုမုန်းတယ်။ မင်းက ငါ့က်ိုအမြဲတမ်းစိတ်ပူအောင်လုပ်တဲ့မိန်းမပဲ ... "

" စိတ်မပူပါနဲ့ ... ကျွန်မ ဘာမှမဖြစ်ဘူးနော်။ ပြီးတော့ တောင်းပန်ပါတယ် ... "

" ဘာအတွက်တောင်းပန်ရပြန်တာလဲ "

" ရှင် ကျွန်မကို ချစ်နေတာ မသိခဲ့တဲ့အတွက်ပေါ့ ... "

" ငါ မင်းကို ချစ်တယ်လို့ တစ်ခါမှ မပြောမိဖူးပါဘူး "

" ရှင်က သိပ်တော်တဲ့ Onmyoji ပဲဖြစ်နေပေမယ့် လိမ်တဲ့နေရာတော့ တအားညံ့တယ်နော် ဦးကိုတ ...  ရှင်သိအောင်တော့ပြောသွားရမယ် ... ကျွန်မရှင့်ကို အစကတည်းက ချစ်ခဲ့တယ်ဆိုတာလေ ... ရှင်ကကျွန်မရဲ့အချစ်ဦးလေးဖြစ်ခဲ့ပါတယ်နော် ... မှတ်ထားရှင့် ကိုငဒူကြီးရဲ့ ဟီး "

-----

လမင်းကြီးအား တိမ်ထူထပ်စွာ ဖုံးနေသည့် ညတစ်ညပင်။

ကြယ်များဟာလည်း ကင်းစင်လျက်သား။

ကိုတသည် ဘုန်းတော်ကြီးကျောင်းထဲက သူပိုင်ဆိုင်သည့် နတ်ကွန်းအဆောင်ကြီးထဲမှာ တစ်ယောက်တည်း လွမ်းရင်းဆွေးရင်း ထိုင်နေခဲ့သည်။

​ဗလာနတ္ထိဖြစ်နေသော ကောင်းကင်ကြီးကို မော်ကြည့်လျက် သူ့အတိတ်က အဖြစ်အပျက်များစွာကို ပြန်လည်တွေးတောနေခဲ့သည်။

𝐈𝐦𝐦𝐨𝐫𝐭𝐚𝐥 𝐅𝐨𝐞𝐬 // OC Completed//Where stories live. Discover now