𝕮𝖍𝖆𝖕𝖙𝖊𝖗 11 - My Beautiful Little Chris (U)

1.6K 152 28
                                    

╔═════ ࿇ ═════╗

အခန်း (၁၁)
ကိုယ့်ရဲ့လှပတဲ့ခရစ်လေး

╚═════ ࿇ ═════╝

ချစ်စဖွယ်ကလေးငယ်တစ်ယောက်ကဲ့သို့ တက်ကြွနေသောဂျရယ်မိုင်ရာကို ငေးကြည့်နေမိသည့် ခရစ်စတိုဖာ၏အပြုံးအပျော်များက တဒင်္ဂလေးသာ ကြာရှည်ခံခဲ့သည်။

သူ ဖြတ်ခနဲမြင်လိုက်ရသည်က ဂျရယ်မိုင်ရာ၏ကျောနောက်ဘက် မလှမ်းမကမ်းအကွာအဝေးမှာ ရပ်နေကြသောဂါဗင်နှင့်သူ့ဂိုဏ်းအဖွဲ့ပင်။ ခရစ်စတိုဖာ၏ခန္ဓာကိုယ်က တစ်စက္ကန့်၏အလင်းနူန်းမှာ ရေခဲသွားသကဲ့သို့ အေးစက်ကာတောင့်တင်းသွားသည်။

သူ့စိတ်ထဲတွင် မိုးမီးလောင်သွားခဲ့လျက် ...

' သေပြီ '

ဂျရယ်မိုင်ရာအနေနှင့် ဘာကိုမှမရိပ်မိသေးသောကြောင့် ဘုမသိဘမသိ ပြောလိုက်သည်။

" ဟေး ခရစ် ... Rollercoaster စီးကြမယ် "

" ဟမ် "

ခရစ်စတိုဖာ၏ရင်ထဲတွင် ဒိန်းခနဲ မိုးကြိုးတစ်ချက်ပစ်သွားသည်။ ထိုစဥ် ဂျရယ်မိုင်က ထပ်ပြောလာသည်။

" Rollercoaster စီးကြမယ်လို့ "

" မဖြစ်ဘူး "

" ဘာလို့ မူးတတ်လို့လား"

" မဟုတ်ဘူး"

" လာပါ ... သွားစီးကြမယ်။ မကြောက်နဲ့ ကိုယ်ရှိပါတယ်"

ဂျရယ်မိုင်ရာမှာ ခရစ်စတိုဖာဘက်က အတင်းငြင်းဆန်နေသည့်ကြားကနေ ခရစ်စတိုဖာ၏လက်ကို အတင်းအကြပ်ဆွဲခေါ်သွားသောကြောင့် သူ့အနေဖြင့် ဂါဗင်တို့ကို ဘယ်နည်းနှင့်မှ ရှောင်လွဲ၍မရတော့ပေ။ ဂါဗင်ကလည်း သူ့တပည့်အခြံအရံများဖြင့် ရိုလာကိုစတာစီးရန် လက်မှတ်ကောင်တာဘက်သို့ လာခဲ့သည်။ တက်ကြွနေသည့် ကိုကြက်ဖဂျရယ်မိုင်ရာကမူ ရှေ့ဆုံးခုံကနေစီးနိုင်ရန် ကောင်တာတွင် အသည်းအသန် လက်မှတ်ပြေးဝယ်သည်။

" ရှေ့ဆုံးတန်းက လက်မှတ်နှစ်စောင်ပေးပါ မယ်ချောလေး"

လက်မှတ်ရုံက ကောင်မလေးကို မျက်စိမှိတ်ပြလိုက်လျှင် ကောင်မလေးကလည်း ပြုံးစိစိဖြင့် သူ့တောင်းဆိုမှုအတိုင်း ရှေ့ဆုံးတန်းထိုင်ခုံနှစ်ခုံစာ လက်မှတ်နှစ်စောင်ဖြတ်ပေးလိုက်​၏။ ဂျရယ်မိုင်ရာက လက်မှတ်များရလျှင်ရချင်း ခရစ်စတိုဖာဆီ ပြန်လာသောအခါ ချက်ချင်းလဲသေတော့မည့်ပုံစံဖြင့် ကြောက်လန့်တုန်လှုပ်နေသောအမူအရာကို တွေ့လိုက်ရ​သည်။

𝐈𝐦𝐦𝐨𝐫𝐭𝐚𝐥 𝐅𝐨𝐞𝐬 // OC Completed//Where stories live. Discover now