ℭ𝔥𝔞𝔭𝔱𝔢𝔯 37 - Hate & Love (Z)

218 19 0
                                    

╔═════ ࿇ ═════╗

𝕮𝖍𝖆𝖕𝖙𝖊𝖗 37
Hate and Love

╚═════ ࿇ ═════╝

ညသန်းခေါင်ယံအချိန်တွင် ဂျပန်ဗုဒ္ဓဘုန်းတော်ကြီးကျောင်း၏ခေါင်မိုးထက်၌ ကိုတ၊ခရစ်စတိုဖာ၊ဂျရယ်မိုင်ရာ၊ ရီနာနှင့်အိုဝမ်တို့လေးယောက်မှာ မည်းမှောင်နေသောကောင်းကင်ကြီးကိုကြည့်လျက် အစီအရီ ထိုင်နေကြသည်။

" အမေ့ကို ကယ်ဖို့နည်းလမ်း မရှိတော့ဘူးပေါ့ "

" ဟင်း ...."

ခရစ်စတိုဖာက စိတ်မကောင်းနေသောအကြည့်များဖြင့် ကိုတဘက်ကို မျက်နှာမူကာ ပြောခဲ့လျှင် ကိုတမှာသက်ပြင်းချမိသည်။

" မင်းလည်း အကုန်သိပြီဆိုတော့ ငါတို့အတူတူပူးပေါင်းပြီး ထပ်ကြိုးစားကြည့်ကြတာပေါ့ ... ဂျရယ်မိုင်ရာကတော့ အိမ်ပြန်သင့်ပြီ"

ထိုစကားကြောင့် ဂျရယ်မိုင်ရာမှာ မျက်ခုံးပင့်တက်သွားသည်။

" မပြန်ပါဘူး ... အိမ်ကနေအပြီးထွက်လာတာ အဖေတို့နဲ့လိုက်မယ် "

" မွန်ဒီ့ကိုရော မတွေ့တော့ဘူးလား "

" .... "

ဂျရယ်မိုင်ရာလည်း ခရစ်စတိုဖာ၏စကားကြောင့် ပြောစရာစကားပျောက်သွားသည်။ ထို့နောက် သက်ပြင်းချပြီး အသံပျော့ပျောင်းစွာ ဖြေခဲ့သည်။

" သူအဆင်ပြေမှာပါ ... "

ရီနာနှင့်အိုဝမ်လင်မယားက စကားဝင်မပြောဘဲ နားထောင်နေခဲ့ကြသည်။ ကိုတကလည်း ဆက်စကားမပြောတော့ဘဲ ရှေ့ကိုသာ မျက်နှာမူနေ၏။ ဤသို့ဖြင့် စကားဝိုင်းက တိတ်ဆိတ်ငြိမ်သက်သွားလျက်။

-----

လူခြေတိတ်ချိန် ညသန်းခေါင်ယံ၌ ဂါဗင်၏​မိကျောင်းမိစ္ဆာတပည့်၎ယောက်မှာ မြစ်ကမ်းစပ်သို့လာကာ မိကျောင်းအသွင်ဖြင့် ရေဆင်းကူးနေကြသည်။ ထိုစဉ် သူတို့နှင့် မလှမ်းမကမ်းက တဟီးဟီးတဟားဟားရယ်သံများကိုကြားလျှင် သူတို့၏သားကောင်အဖြစ် အမဲလိုက်ရန် ကြံစည်ခဲ့ကြကာ ရေထဲတွင် သစ်တုံးများမျောနေသကဲ့သို့ ကူးခတ်လာသည်။

𝐈𝐦𝐦𝐨𝐫𝐭𝐚𝐥 𝐅𝐨𝐞𝐬 // OC Completed//Where stories live. Discover now