ℭ𝔥𝔞𝔭𝔱𝔢𝔯 22 - Morra or Dan Morra ? (Z)

311 19 0
                                    

╔═════ ࿇ ═════╗

အခန်း ၂၂

မော်ရာ (သို့မဟုတ်) ဒန်မော်ရာ

မည်သူ့ကိုပိုချစ်သနည်း

╚═════ ࿇ ═════╝

ယနေ့တွင် ရာသီဥတုအပြင် ပတ်ဝန်းကျင်ကပါ အေးချမ်းတည်ငြိမ်နေပေသည်။ ရေကူးကန်ရှေ့ အပန်းဖြေကုလားထိုင်များပေါ်တွင်တော့ ဂါဗင်နှင့်ရီကာဒိုတို့ ညီအစ်ကိုဝမ်းကွဲနှစ်ယောက် လဲလျောင်းရင်း စကားစမြည်ပြောနေခဲ့ကြသည်။
ဂါဗင်၏စံအိမ်တော်ကို ရီကာဒို ယနေ့မနက်ပိုင်းလောက်က အလည်ရောက်လာခဲ့၏။

ညီအစ်ကိုများ စကားလက်ဆုံကျနေစဉ်  ရီကာဒိုသည် အနောက်ဘက်ကို အမှတ်မထင် ကြည့်မိသည့်အခါ ဂါဗင်၏တပည့်တစ်ယောက် ရေကန်နားသို့ ခပ်မြန်မြန် လမ်းလျှောက်လာသည်ကို မြင်လိုက်​ရ၏။

ထိုသူက ဂါဗင်၏အနားသို့ ရောက်လျှင် ရိုသေစွာ ဦးညွှတ်လျက်...

" အရှင်မင်းသားရဲ့ချစ်သူ မော်ရာရောက်နေပါတယ်။ ဝင်ခွင့်ပေးလိုက်ရမလား " ဟူ၍ ပြောသည်။

ဂါဗင်လည်း " အင်း " ဟု တစ်လုံးတည်း ဖြေကြားသည်။

" ကောင်းပါပြီ အရှင်မင်းသား "

ရီကာဒိုသည် အံ့အားသင့်မှုများစွာဖြင့် ဂါဗင်ကို စိုက်ကြည့်နေခဲ့ပြီး မဲ့ပြုံးပြုံးနေခဲ့သည်။

" မင်း ခါတိုင်းလို ခိုင်းစားပြီး play နေပြန်ပြီလားကွ...ဒီတစ်ယောက်ရော ဘယ်အချိန် ပြတ်မှာလဲ "

" မပြောတတ်ဘူး။ သူကတော့ ကြာမယ်ထင်တယ် "

ရီကာဒိုက သူ၏ဒူးနှစ်ဖက်လုံးကို လှုပ်ရမ်းနေခဲ့ပြီး 'ဒီကောင်တော့ မလွယ်ဘူး ' ဟူသော မျက်နှာပေးဖြင့် ခေါင်းအနည်းငယ်လှုပ်ယမ်းလျက် သက်ပြင်းညင်းညင်းလေး ချမိသည်။

" ငါကတော့ ယောကျာ်း၊ မိန်းမ အကုန်လိုက်မတွဲချင်ဘူး။ ငါက ယောကျာ်းတွေချည်း စိတ်ဝင်စားနေလည်း တစ်ယောက်ဆို တစ်ယောက်ပဲ တန်ဖိုးထားချစ်ပေးချင်တာ...ဆိုလိုချင်တာ Gay ဖြစ်တဲ့ ငါ့ကိုလာချစ်တဲ့ မိန်းမတွေကိုတော့ " အစစ်မ ရှစမ်း " ဆိုပြီး မ play ဘူး ပြောပါတယ်။ အဲဒီသဘောအတိုင်းပဲ...ငါမချစ်တဲ့လူက ငါ့လာချစ်လည်း လှည့်စားပြီး အသည်းမခွဲတတ်ဘူး။ တခြားနေရာတွေမှာ ငါက သောက်ကျင့်ယုတ်ကောင်း ယုတ်လိုက်မယ်...အသည်းခွဲဘုရင်လုပ်ဖို့တော့ ဝါသနာပါမနေဘူးကွာ "

𝐈𝐦𝐦𝐨𝐫𝐭𝐚𝐥 𝐅𝐨𝐞𝐬 // OC Completed//Where stories live. Discover now