ℭ𝔥𝔞𝔭𝔱𝔢𝔯 8 - Soft Kiss to Special Body Pillow (U)

2.1K 189 40
                                    


╔═════ ࿇ ═════╗

𝕮𝖍𝖆𝖕𝖙𝖊𝖗 8
𝕾𝖔𝖋𝖙 𝕶𝖎𝖘𝖘 𝖙𝖔 𝕾𝖕𝖊𝖈𝖎𝖆𝖑 𝕭𝖔𝖉𝖞 𝕻𝖎𝖑𝖑𝖔𝖜

╚═════ ࿇ ═════╝

ဂါဗင်​၏အတွေးများထဲတွင် ဂျရယ်မိုင်ရာကို အနိုင်ရမည့် အားနည်းချက်အကွက်တစ်ကွက်မှ မတွေ့ရသောကြောင့် ဂျရယ်မိုင်ရာထက် ပိုမိုအင်အားကြီးသန်မာစေမည့် စွမ်းအင်တစ်ခုရရှိဖို့ စဉ်းစားနေခဲ့သည်။

ယခုတွင် သူအရမ်းသတ်ချင်နေမိသည့် ဂျရယ်မိုင်ရာကမူ ဗိုလ်ချုပ်ခရစ်စတိုဖာ​၏တိုက်ခန်းထဲတွင် အိပ်မောကျနေခဲ့သည်ကို သူမသိသေးပေ။

ခရစ်စတိုဖာ မနက်ဘက် အိပ်ရာနိုးလာသောအခါ သူ့အခန်းထဲတွင် အကြောဆန့်ပြီး ခဏထိုင်နေခဲ့သည်။ ထို့နောက် ရေချိုးခန်းသို့ ဝင်သွားလျက် မျက်နှာသစ်ခြင်းနှင့် သွားတိုက်ခြင်းကို ပြုလုပ်ပြီးနောက် သန့်စင်ခန်းထဲတွင် အပေါ့အလေးစွန့်သည်။ ထို့နောက် မီးဖိုချောင်ထဲသို့ရောက်လာပြီး သူ့အတွက် မနက်စာကို သေချာပြင်ဆင်ကာ စားသောက်သည်။

အားလုံးပြီးသွားသော် ဧည့်ခန်းထဲသို့ သီချင်းလေးတအေးအေးဖြင့် ထွက်လာခဲ့လျှင် သူ၏ကမ္ဘာကြီးတစ်ခုလုံး သာယာနေရာကနေ တစ်စက္ကန့်အတွင်း ကမ္ဘာပျက်သွားတော့သည်။ အကြောင်းမူကား ဆိုဖာပေါ်တွင် အိပ်မောကျနေသော ဂျရယ်မိုင်ရာကို တွေ့လိုက်ရခြင်းကြောင့်ပင်။

" ဒီကောင်တော့ ... "

သူ ဂျရယ်မိုင်ရာကို ဆွဲဖယ်ဖို့လုပ်သော်လည်း ဖယ်လို့မရပေ။ သို့သော် ဂျရယ်မိုင်ရာကနေ ခရစ်စတိုဖာ​၏လက်များကိုဆွဲလိုက်ပြီး ရင်ခွင်ထဲမှာ အပိုင်သိမ်းထားခြင်းကိုခံလိုက်ရသည်။

" ငါ ဖက်ခေါင်းအုံးမပါဘဲ မအိပ်တတ်ဘူး။ တစ်ညလုံး ဖက်ခေါင်းအုံးလိုနေခဲ့တာ "

"ကျစ်၊ ခွေးကောင်... ငါ့ကိုလွှတ်စမ်း "

" မလွှတ်ပေးဘူး။ ငါ့ဖက်ခေါင်းအုံး လုပ်ပေး "

" လွှတ်ကွာ "

ခရစ်စတိုဖာက သူ့ရင်ဘတ်ပေါ်က ဂျရယ်မိုင်ရာ​၏လက်မောင်းများကို တွန်းကန်ဖယ်ရှားရင်း ရုန်းကန်နေသည်။ ဂျရယ်မိုင်ရာက သူ့ကိုမရုန်းထွက်နိုင်အောင် အတင်းခွဖက်ထားသည်က သူ့စိတ်ကို ပိုပြီးတော့ကျဉ်းကျပ်လာစေရုံမက ပို၍ပင်ဒေါသထွက်စေသည်။

𝐈𝐦𝐦𝐨𝐫𝐭𝐚𝐥 𝐅𝐨𝐞𝐬 // OC Completed//Where stories live. Discover now