ℭ𝔥𝔞𝔭𝔱𝔢𝔯 20 - A good kisser (Z)

250 13 0
                                    

╔═════ ࿇ ═════╗

𝕮𝖍𝖆𝖕𝖙𝖊𝖗 20

𝖆 𝖌𝖔𝖔𝖉 𝖐𝖎𝖘𝖘𝖊𝖗

╚═════ ࿇ ═════╝

ဤသို့ဖြင့် ဂျရယ်မိုင်ရာ​၏တိုက်ခန်းအတွင်းသို့ အကုန်လုံး ရောက်ရှိလာကြသည်။ သူတို့အားလုံးကို ဂျရယ်မိုင်ရာက ဧည့်ခန်းထဲမှာထားခဲ့သည်။ သူတို့ဝယ်လာသောအထုပ်များကို ကြမ်းပြင်တစ်နေရာတွင်ချကာ ထိုအထဲမှ အသားငါးအထုပ်များကိုသယ်ယူပြီး မွန်ဒီနှင့်အတူတူ မီးဖိုချောင်ထဲသို့ ဝင်ခဲ့သည်။ ဒေါမနစ်နှင့်ကျန်ဘိုးတော်ကြီးများက တိုက်ခန်းအတွင်းသို့ နေရာအနှံ့လှည့်လည်ကြည့်ရှူနေကြ​သည်။

ထို့နောက် အားလုံးက သူတို့စပ်စုချင်တိုင်း စပ်စု၍ပြီးသွားကြသည်ါအခါ ဧည့်ခန်းက ဆိုဖာခုံရှည်များပေါ်မှာ နေရာတကျထိုင်ခဲ့ကြသည်။

" ငါတို့ကတော့ ဒင်းကို အင်္ဂလန်တစ်ခွင်မှာ မြေလှန်ရှာခဲ့ရတာ ခုကျတော့ မောင်မင်းကြီးသားက ဒီမှာနေနေတာကိုး ... "

အဘင်ကနေ သူတို့ဖရီးမန်းတစ်မျိုးလုံး ဂျရယ်မိုင်ရာရှာပုံတော်ကို ရက်သတ္တပတ်အတော်ကြာအထိလုပ်ခဲ့ကြကာ၊ နေရာအနှံ့စုံစမ်းခဲ့ကြပြီး ပင်ပင်ပန်းပန်းရှာဖွေခဲ့ကြရသည့်နေ့ရက်များကို မြင်ယောင်လျှငါ မကျေနပ်မှုရေးတေးတေးလေးဖြင့် ပြောလိုက်သည်။ ယခုကဲ့သို့ ဂျရယ်မိုင်ရာကို အလွယ်တကူ ရှာတွေ့ခဲ့ကြပုံမှာ ဤသို့ပင်။

လွန်ခဲ့သော ၂ ရက်ကဖြစ်သည်။ မထင်မှတ်သည့်နေရာတစ်ခု၌ ဆိုင်တစ်ဆိုင်ထဲကနေ ပစ္စည်းများနှင့်အတူ ထွက်လာခဲ့သော ဂျရယ်မိုင်ရာကို ဂျရယ်မိုင်ရာ၏အဘိုးဖြစ်သူ ဂရေဟမ်ကနေ တွေ့ရှိခဲ့သည်။ ထို့ကြောင့် ဖရီးမန်းဘိုးတော်ကြီးများက ယနေ့တွင်ဂျရယ်မိုင်ရာကို စောင့်ဖမ်းဖို့ ပြင်ဆင်ခဲ့ကြခြင်းသာ။ ဂျရယ်မိုင်ရာ စံအိမ်တော်သို့ပြန်မလိုက်လျှင်လည်း သူ့အားဝိုင်းသမဖို့ လက်သီးလက်မောင်းတန်းလာခဲ့ကြသည်။

သို့သော် ဂျရယ်မိုင်ရာက ယခုအချိန်မှာ အလွန်တည်ငြိမ်အေးဆေးနေပြီဖြစ်သောကြောင့် သူတို့လည်းအခြေအနေပေါ်မူတည်ပြီး အိမ်တော်ပြန်လာရန် စည်းရုံးဖို့လွယ်ကူလောက်သည်။ အိမ်နောက်ဖေးမီးဖိုချောင်မှာတော့ ဂျရယ်မိုင်ရာက ဝယ်လာသော ဟင်းချက်စရာများကို ချက်ပြုတ်ပြင်ဆင်နေခဲ့ကြသည်။ မွန်ဒီက ဝိုင်းကူခဲ့သည်။

𝐈𝐦𝐦𝐨𝐫𝐭𝐚𝐥 𝐅𝐨𝐞𝐬 // OC Completed//Where stories live. Discover now