ℭ𝔥𝔞𝔭𝔱𝔢𝔯 36 - Reunion of Father & Son (U)

571 56 7
                                    

╔═════ ࿇ ═════╗

𝕮𝖍𝖆𝖕𝖙𝖊𝖗 36

Reunion of Father & Son

╚═════ ࿇ ═════╝

ဂျပန်သို့ ဂါဗင်နှင့်ဂျက်ဖရီသားအဖနှစ်ယောက်ရောက်ရှိနေခဲ့သည်မှာ ၂ ရက်ရှိနေခဲ့ပြီဖြစ်သည်။ ယခုတွင်မူ ဖူကူရာမ၏စံအိမ်တော်၌ အစည်းအဝေးလုပ်နေခဲ့ကြသည်။

ဖူကူရာမဆိုသူမှာ နှစ်ပေါင်း ၁ သောင်းကျော်ထိ ဂျပန်နိုင်ငံတွင် ခြေဆန့်နေလာခဲ့သော နတ်ဆိုးဘုရင်တစ်ပါးဖြစ်သည်။ ဂျက်ဖရီနှင့် လွန်ခဲ့သော အနှစ်တစ်ရာကတည်းက သိကျွမ်းခဲ့ပြီး အင်္ဂလန်ရှိ ဂျက်ဖရီ့ကိုလည်း ဖရီးမန်းတို့နှင့်ရင်ဆိုင်ရသော စစ်ပွဲများတွင်လည်း ဝင်ရောက်တိုက်ခိုက်ပေးလေ့ရှိသူပင်။ နောက်ဆုံးစစ်ပွဲတွင်မူ ဖရီးမန်းတို့ကြောင့် သူ၏မျက်လုံးတစ်ဖက်နှင့် ညာလက်တစ်ဖက်ကို အပြီးတိုင်ဆုံးရှုံးခဲ့ရသည်။ သို့သော် နောက်ပိုင်းတွင် လူတစ်ယောက်ကို အရှင်လတ်လတ်သတ်ခဲ့ပြီး မျက်လုံးနှင့်ညာလက်ကို ဖြတ်ယူခဲ့ကာ အစားထိုးတပ်ဆင်ခဲ့၏။

" မတွေ့ရတာကြာပြီနော် ဂျက်ဖရီနဲ့ဂါဗင်၊ ကျန်းမာရေးကတော့ ဒေါင်ဒေါင်မြည်ပဲ ထင်ပါရဲ့ "

ဖူကူရာမက မျက်လုံးမှေးမှေးဖြင့် ဂျက်ဖရီနှင့်ဂါဗင်တို့ကိုကြည့်ကာ ပြုံးယောင်သမ်းခဲ့သည်။ သူသည် အမတသက်တော်ရှည်တစ်ဦးဖြစ်လင့်ကစား အလွန်နုပျိုခန့်ညားသော အသက် ၂၅ နှစ်ဝန်းကျင် အမျိုးတစ်ယောက်အသွင်ရှိလျက်။ အေးစက်သော အနက်ရောင်မျက်လုံးများက ဆွဲဆောင်မှုရှိသည်။

" ဖူကူရာမလည်း ကျန်းမာတယ်မလား "

" ဒါပေါ့ဗျာ၊ ဂါဗင်တောင် တော်တော်အရွယ်ရောက်နေပြီပဲ၊ မင်း ငယ်ငယ်က ဒီကိုတစ်ခါလာဖူးတာ မှတ်မိလား "

ဖူကူရာမက အပြုံးရေးရေးဖြင့် ပျော့ပျောင်းသောအသံဖြင့် မေးလိုက်သော် ဂါဗင်ကလည်း ပြန်ဖြေခဲ့သည်။

" မှတ်မိပါတယ် "

ထို့နောက် စကားဝိုင်းဟာ ၄ မိနစ်ကြာသည်အထိ တိတ်ဆိတ်နေခဲ့သည်။ မကြာခင် ဂျက်ဖရီဘက်က စကားစပြောဖို့ပြင်သော် ဖူကူရာမက အရင်ပြောခဲ့သည်။

𝐈𝐦𝐦𝐨𝐫𝐭𝐚𝐥 𝐅𝐨𝐞𝐬 // OC Completed//Where stories live. Discover now