I prepared my plot and researched like this!!

524 30 2
                                    

plot ကိုမတင်ခင်မှာ Note pad ထဲ English လို script အကြမ်းရေးခဲ့တယ်။ သို့ပေမဲ့ စခွီတွေပါပဲ။ ဘာလို့လဲဆိုရင် plot အကြမ်းရေးတုန်းက ဇာတ်လမ်းဇာတ်အိမ်နဲ့ လုံးဝအချောရေးတဲ့အချိန် plot နဲ့ character creation ပိုင်းတွေမှာ တော်တော်ကွာခြားချက်တွေရှိသွားပါတယ်။

စာရေးသူအဘီးအနေနဲ့ ဇာတ်လမ်းဇာတ်အိမ်တည်ဆောက်ပုံကို ဆန်းသစ်ချင်တာကြောင့် plot draft ထဲကအတိုင်းမရေးတော့ဘဲ ဇာတ်လမ်းအရှိန်ရလာလေလေ၊ ခေါင်းထဲပေါ်လာသမျှ စိတ်ကူးစိတ်သန်းလေးတွေကို အမိအရဖမ်းဆုပ်ပြီး သေချာရေးခဲ့ပါတယ်။

နောက် Fic အပိုင်း 20 ကျော်ကနေစပြီး အရေးအသားတွေကအစ၊ အတွေးအခေါ်အမြင်တွေအထိ အကုန်ပြောင်းလဲသွားတော့ ရှေ့အပိုင်းတွေကိုပါ ပြန်edit ခဲ့ပါတယ်။ သူငယ်ချင်းမ Asami Hoshiko ကတော့ ဒိုင်ခံစာစစ်ပြီး ဖတ်ပေးခဲ့တာပါ။ ကျေးဇူးတင်ထိုက်တဲ့လူတွေထဲ သူကထိပ်ဆုံးကပါပါတယ်။

နောက် ဒီ Fantasy Fic ကလေး ရေးနေစဥ်ကာလတစ်လျှောက်လုံးမှာ Google နဲ့ YouTube က အကူအညီတွေ၊ Facebook က ဆောင်းပါးတွေအကူအညီနဲ့ research တအားလုပ်ခဲ့ရတဲ့အပိုင်းတွေရှိပါတယ်။

အထူးသဖြင့် တရုတ်၊ ဂျပန်၊ ကိုရီးယားက အမြှီးကိုးချောင်းမြေခွေးတွေအကြောင်း တအားစာဖတ်ခဲ့ရပြီးတော့ ရသမျှ information & fact တွေလည်း စုဆောင်းခဲ့ရပါတယ်။

​ဒုတိယအနေနဲ့ သုတေသနလုပ်ရတဲ့အပိုင်းကတော့ Ying နဲ့ Yang အကြောင်းရယ်။ Ying Yang Master တွေအကြောင်း တော်တော်ကြီးကိုလေ့လာဖြစ်ခဲ့ပါတယ်။ ဒါတောင်မှ IFထဲ ရေးသားဖော်ပြချက်တွေမှာ မပြည့်စုံသေးတာတွေ၊ လိုအပ်နေသေးတာတွေ၊ လွဲမှားနေတာတွေ ရှိရင်ရှိနေဦးမှာဖြစ်လို့ စာဖတ်သူပျားရည်ချိုလေးတွေအနေနဲ့လည်း အဘီးကို ထောက်ပြချင်တာရှိရင် အချက်အလက်ပြည့်ပြည့်စုံစုံနဲ့ထောက်ပြနိုင်ပါတယ်နော်🫰💕

Research ပိုင်းမှာ တတိယအနေနဲ့ mermaid တွေအကြောင်း၊ ရေအောက်သတ္တဝါတွေ၊ Whale တွေနဲ့ ရှေးဟောင်း ဒဏ္ဍာရီလာ Sea Monster ကောင်ကြီးတွေအကြောင်းနဲ့ Ocean အကြောင်း တော်တော်လေ့လာဖြစ်ခဲ့ပါတယ်။

Mafia အကြောင်းတွေ၊ တခြားအရာတွေနဲ့ပတ်သက်ပြီး လေ့လာခဲ့ရတာတွေလည်းရှိပါတယ်။

𝐈𝐦𝐦𝐨𝐫𝐭𝐚𝐥 𝐅𝐨𝐞𝐬 // OC Completed//Where stories live. Discover now