ℭ𝔥𝔞𝔭𝔱𝔢𝔯 5 - A Night with Dangerous Enemy (U)

2.3K 196 28
                                    

╔═════ ࿇ ═════╗

𝕮𝖍𝖆𝖕𝖙𝖊𝖗 5
𝕬 𝖓𝖎𝖌𝖍𝖙 𝖜𝖎𝖙𝖍 𝖉𝖆𝖓𝖌𝖊𝖗𝖔𝖚𝖘 𝖊𝖓𝖊𝖒𝖞

╚═════ ࿇ ═════╝

ဂျရယ်မိုင်ရာ သူ့အိမ်ပေါ်ကနေ ဆင်းလာခဲ့သည်မှာ တစ်ပတ်ရှိခဲ့လေပြီ။ ယခုတစ်ဖန် ဟော်တယ်မှ ထွက်လာခဲ့သည်။ သူစိတ်ကူးတည့်ရာ အဆင်ပြေမည့်နေရာဆီသို့ သွားရန်ပင်။ သို့သော်လည်း သူ့ဇိမ်ခံကားက လွန်ခဲ့သည့်ရက်သတ္တပတ်ကပင် ခရစ်စတိုဖာ၏လက်ချက်ကြောင့် ပျက်စီးသွားခဲ့ရသည်။

ထို့ကြောင့် တစ်ခြားမြို့သို့ ပြောင်းရွှေ့နေထိုင်ရန် ဆုံးဖြတ်ခဲ့သည်။ ယခုတွင် ရထားဘူတာက ခုံတန်းလေးတစ်ခုမှာ ထိုင်ကာ သူစီးရမည့်ရထားကို စောင့်ဆိုင်းနေခဲ့သည်။ သူ့iPad ကို ဖွင့်ကာ အသုံးပြုနေသည်။ သူကြိုက်သော အပြာမော်ဒယ်ကောင်မလေး၊ကောင်လေးများ၏ပုံများကို ပြုံးပြီးကြည့်ရင်း သဘောကျနေလျက်။

မိဘနှင့်ဆွေမျိုးများစွာက သူ့ဆီဖုန်းတဂွမ်ဂွမ်ဆက်နေခဲ့ကြသော်လည်း ဖုန်းနံပါတ်အားလုံးကို blacklist ထဲ ထည့်ထားခဲ့တာကြောင့် သူအေးဆေးနေနိုင်သည်။ ဘူတာရှိ ဖြတ်သွားဖြတ်လာ အမျိုးသား၊အမျိုးသမီးများစွာ၏ အကြည့်တွေက ဂျရယ်မိုင်ရာဆီသာ။ သူ့ကို ဓာတ်ပုံနှင့် ဗွီဒီယိုများ ခိုးရိုက်နေကြသည်ကိုလည်း သူသတိထားမိသည်။ ထို့ကြောင့် ဆိုက်မိဂိုက်အတိဖြင့် အထာကျစွာ pose အစုံပေးဖို့က သူ့တာဝန်တစ်ခုကဲ့သို့။

သူ၏ငွေရောင်တလက်လက်တောက်ပနေသော စာကြည့်မျက်မှန်ကို ချွတ်လိုက် တပ်လိုက်၊ ဘေးတစ်စောင်း ပြုံးလိုက်၊ ipad ကို ကြည့်ရင်း ခြေထောက်ချိတ်ထိုင်လိုက်နှင့် သူတစ်ယောက်တည်း ပဲပိနေခဲ့လျက်။

မျက်လုံးကြည့်အားကောင်းနေသော်ငြား တမင်တကာ စတိုင်ထုတ်နိုင်ရန် မျက်မှန်ထားခြင်းဖြစ်သည်။ သူ့အပြုံးနှင့်အရယ် တစ်ချက်ချက်တိုင်းက နူတ်ခမ်းနီမလေးများစွာ၏ နှလုံးသားထဲကို ပြင်းအားကြီးသော ညို့ဓာတ်မြှားများ ထိမှန်စေကုန်သည်။ ထို့နောက် သူရှေ့မှာ မသိမသာဖြတ်လျောက်နေပြီး ဖုန်းပြောနေသလိုနှင့် သူ့အားဓာတ်ပုံခိုးရိုက်နေသော မိန်းမလှလေးကို သတိထားမိသည်။

𝐈𝐦𝐦𝐨𝐫𝐭𝐚𝐥 𝐅𝐨𝐞𝐬 // OC Completed//Where stories live. Discover now