𝕮𝖍𝖆𝖕𝖙𝖊𝖗 9 - War for Valentine (U)

1.7K 168 2
                                    


╔═════ ࿇ ═════╗
𝕮𝖍𝖆𝖕𝖙𝖊𝖗 9
𝖂𝖆𝖗 𝖋𝖔𝖗 𝖁𝖆𝖑𝖊𝖓𝖙𝖎𝖓𝖊

╚═════ ࿇ ═════╝

သူတို့နှစ်ယောက်နမ်းပြီးသည့် အချိန်ကတည်းစ၍ ခရစ်စတိုဖာတစ်ယောက် တစ်ချိန်လုံးဆေးမိထားသလိုဖြစ်နေခဲ့သည်။ မိစ္ဆာဘုရင်ကြီး ဂျက်ဖရီက သူ့ကုမ္ပဏီတွင် ရုံးပြန်ထိုင်နေပြီဖြစ်သောကြောင့် နေ့ဘက်များတွင် ဘုရင်Bossကြီး၏ကိုယ်ရံတော်အဖြင့် အလုပ်လုပ်ပေးရသေးသည်။

ထိုအချိန်များတွင် သူ့အတွေးများထဲ၌ ၇၅ % သည် ဂျရယ်မိုင်ရာနှင့်ပတ်သက်သောအကြောင်းများသာ အများဆုံးပြည့်နှက်နေခဲ့လျက်။
ယနေ့တွင်လည်း ကုမ္ပဏီ​​၏သူဌေးဖြစ်သူ မိစ္ဆာဘုရင်ကြီးအား သေချာအဖော်ပြုကာ စောင့်ရှောက်ရမည့်အစား အာရုံမစိုက်နိုင်ဘဲ အတွေးများဖြင့် တစ်ချိန်လုံးတွေဝေနေခဲ့သည်။

ကုမ္ပဏီတစ်ခုလုံးရှိ ဝန်ထမ်းအားလုံးသည် မိစ္ဆာများဖြစ်ကြသောကြောင့် ခရစ်စတိုဖာအနေဖြင့် လူသားများ​၏အကျင့်စရိုက်အတိုင်း သိပ်ပြီးဟန်ဆောင်နေစရာမလိုကြပေ။ သူတို့​၏မိစ္ဆာသဘာဝအတိုင်း လွတ်လပ်စွာ လှုပ်ရှားသွားလာ၍ ပြုမူနေထိုင်တတ်ကြသည်။

မိစ္ဆာဘုရင်ကြီး​၏ယနေ့အချိန်ဇယားတွင် အစည်းအဝေး ၃ ချိန်ဆက်တိုက်ရှိသည်။ ၎င်းအစည်းအဝေး ၃ ခုကြားတွင်မူ နာရီဝက်စီသာ နားချိန်ရှိခဲ့​၏။ နောက်ဆုံးအစည်းအဝေးတစ်ခုပြီးခဲ့ချိန်၌ နာမည်ကြီးစားသောက်ဆိုင်တစ်ခုတွင် ဂျက်ဖရီက သူ​၏သားတော်ဂါဗင်နှင့် ညစာအတူတူစားရန် ချိန်းဆိုထားခဲ့သောကြောင့် ခရစ်စတိုဖာကလည်း ညစာအတူတူလိုက်စားရန် အကြောင်းဖန်လာခဲ့သည်။

စားသောက်ဆိုင်​၏အပြင်ပန်းပုံစံအဆင်အယင်များမှာ အနောက်ဥရောပုံစံအငွေ့အသက်မဟုတ်ခဲ့ဘဲ အရှေ့အာရှအငွေ့အသက်များသာ လွှမ်းမိုးထား​၏။ ဆိုင်အတွင်းရှိ VVIP အခန်းထဲသို့ ဝင်သွားခဲ့ကြသောအခါ ဂါဗင်နှင့်သူ့မိစ္တာတပည့်များက စောစီးစွာ အရင်ရောက်ရှိနေခဲ့ကြသည်။

" အဖေ "

ဂျက်ဖရီကို မြင်လျှင်မြင်ချင်း ဂါဗင်က ပြုံးပြခဲ့သည်။ ဂါဗင်​၏ကျောနောက်မှာ မတ်တပ်ရပ်နေကြသည့် တပည့်မိစ္ဆာများထဲကနှစ်ယောက်မှာ ရှေ့ထွက်လာကြပြီး ဘုရင်ကြီးဂျက်ဖရီနှင့်ခရစ်စတိုဖာတို့ထိုင်ရန် ခုံများကို ရိုသေစွာ ရွှေ့ပေးကြ​၏။ ဘုရင်ကြီး​၏ရတနာတုတ်ကောက်နှင့် ကုတ်အင်္ကျီကိုလည်း ယူသွားကြသည်။

𝐈𝐦𝐦𝐨𝐫𝐭𝐚𝐥 𝐅𝐨𝐞𝐬 // OC Completed//Tahanan ng mga kuwento. Tumuklas ngayon