𝕮𝖍𝖆𝖕𝖙𝖊𝖗 10 - The Real Meaning of " Good Luck " (U)

1.8K 161 9
                                    

╔═════ ࿇ ═════╗

𝕮𝖍𝖆𝖕𝖙𝖊𝖗 10
𝕿𝖍𝖊 𝕽𝖊𝖆𝖑 𝕸𝖊𝖆𝖓𝖎𝖓𝖌 𝖔𝖋 " 𝕲𝖔𝖔𝖉 𝕷𝖚𝖈𝖐 "

╚═════ ࿇ ═════╝

မှောင်မိုက်၍အေးစက်နေသောနေရာတစ်ခုတွင် ခရစ်စတိုဖာမှာ ယောင်လည်လည်နှင့်ရောက်ရှိနေသည်။

" အီတို ... မကြာခင် ပျောက်ဆုံးသွားတဲ့ပုံပြင်ရဲ့ သဲလွန်စကို မင်း တွေ့ရတော့မယ် "

ထိုစဥ် သူ့နောက်ကနေ ကိုတကစကားပြောလာလျှင် အသံလာရာနောက်ဘက်ကို လှည့်လိုက်သည်။

" မကြာခင်ဆိုတာ ဘယ်တော့လဲ "

" မကြာခင်ပေါ့"

" အေး ဘယ်လောက်ထိ ဆက်ကြာနေမှာလဲ။ မင်းက အနာဂတ်ကို ကြိုမြင်နိုင်လို့ မေးနေရတာ"

ခရစ်စတိုဖာက စိတ်မရှည်သည့်လေသံဖြင့်ပြောလိုက်သည့်အခါ ကိုတက သွားပေါ်သည်အထိ ပြုံးခဲ့သည်။

" အေးဆေးပေါ့ကွာ၊ အနာဂတ်ကြိုသိတိုင်းလည်း ကောင်းတာမဟုတ်ဘူး ... ကဲ ဒါလေး လာသတိပေးတာ။ ငါ သွားပြီ "

" မသွားနဲ့ဟ၊ နေအုံးလေ "

ခရစ်စတိုဖာမှာ ကိုတကိုလက်ဖမ်းဆွဲရန် ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။ ဤသို့ဖြင့် အရာအားလုံးသည် အလုံးစုံအမှောင်ကျသွားလျက်။

---------

ညက ဂျရယ်မိုင်ရာနှင့်တိုက်ခိုက်ထားရသည့်အတွက်ဒဏ်ရာရ၍ ပင်ပန်းထားသောခရစ်စတိုဖာခမျာ နှစ်ခြိုက်စွာအိပ်စက်နေရာမှ မျက်လုံးများတဖြည်းဖြည်းပွင့်လာခဲ့သည်။ သူနိုးလာလျှင် ဂျရယ်မိုင်ရာက သူ့ဘေးနားမှာ ကျောပေးအိပ်နေသည်ကို တွေ့ရသည်။ သူ​၏ဘေးဘီပတ်ဝန်းကျင်ကို သေသေချာချာကြည့်မိသောအခါ သူ့အိပ်ခန်းမဟုတ်နေမှန်းကို သတိထားမိသွားစဉ် ဂျရယ်မိုင်ရာက ကျောတစ်စောင်းလှည့်လာသည်။

" ချစ်ကလေး နိုးလာပြီလား "

ဂျရယ်မိုင်ရာ​၏အသံကြောင့် ခရစ်စတိုဖာလည်း တုန်တက်သွားသည်။ သို့သော်လည်း မသိချင်ယောင်ဆောင်ကာ မျက်လုံးပြန်မှိတ်ထားလိုက်​၏။

𝐈𝐦𝐦𝐨𝐫𝐭𝐚𝐥 𝐅𝐨𝐞𝐬 // OC Completed//Where stories live. Discover now