ℭ𝔥𝔞𝔭𝔱𝔢𝔯 15 - Story Untold (U)

1.2K 113 0
                                    

╔═════ ࿇ ═════╗

𝕮𝖍𝖆𝖕𝖙𝖊𝖗 15

𝕾𝖙𝖔𝖗𝖞 𝖀𝖓𝖙𝖔𝖑𝖉

╚═════ ࿇ ═════╝


၄ ရက်မြောက်နေ့တွင် အိုဝမ်က ခရစ်စတိုဖာအပေါ် စိတ်ဆိုးနေခြင်းမှ နည်းနည်းပြေလျော့သွားခဲ့သည်။ ထို့ကြောင့် အိမ်တော်ထိန်းတစ်ယောက်အား သူ့သားကို သူ့အခန်းထဲသို့ လာရန်ဆင့်ခေါ်ခဲ့သည်။

" ဒေါက် ဒေါက် ဒေါက် ...
သခင်လေးအီတို ၊ သခင်ကြီးက သူ့အခန်းထဲလာဖို့ ခေါ်ခိုင်းလိုက်ပါတယ်"

အိမ်တော်ထိန်းမှ ခရစ်စတိုဖာ၏အခန်းတံခါးကို ခေါက်လာလျှင် ခရစ်စတိုဖာလည်း အသံထူးလိုက်သည်။

" အွန်း လာခဲ့မယ် "

ခရစ်စတိုဖာ အခန်းထဲကနေ ထွက်လာသည်အထိ အိမ်တော်ထိန်းအမျိုးသားငယ်က စောင့်ဆိုင်းနေခဲ့သည်။ ခရစ်စတိုဖာတို့အိမ်တော်ကြီး၏အပြင်အဆင်များက ဂျပန်စတိုင်နှင့်မော်ဒန်ဥရောပစတိုင်နှစ်မျိုးဖြင့်  ပြင်ဆင်ထာသောကြောင့် မတူညီသောရိုးရာစတိုင်အငွေ့အသက်နှစ်မျိုးက ဖုံးလွှမ်းနေသည်။

ခရစ်စတိုဖာ တံခါးဖွင့်လိုက်သည့်အခါ တံခါးရှေ့မှာ ရပ်စောင့်နေသောအိမ်တော်ထိန်းအမျိုးသားငယ်ကို တွေ့တွေ့ချင်း မျက်မှောင်ကြုတ်လိုက်ကာ ...

" ဘာလို့စောင့်နေတာတုန်း၊ ငါ့အိမ်က အခန်းတွေ ငါအကုန်မှတ်မိပါတယ်။ လိုက်ပို့ဖို့ စောင့်နေစရာမလိုပါဘူး "

"သခင်ကြီးက ကျွန်တော့်ကို ရပ်စောင့်ခိုင်းထားလို့ပါ "

ခရစ်စတိုဖာလည်း ထိုသူအား ဘာမှပြန်မပြောတော့ဘဲ စိတ်ပျက်ဟန်ဖြင့် သက်ပြင်းအသေးစားလေး ချလိုက်မိသည်။ အိမ်တော်ထိန်းရှေ့ကနေသာ ဖခင်အိုဝမ့်အခန်းထဲ ခြေလှမ်းသွက်သွက်လျှောက်သွားခဲ့သည်။

အခန်းတံခါးခေါက်ပြီး အိုရမ့်ကို အသံပေးခဲ့လျက် ...

" ဖေကြီး ကျွန်တော်ဝင်လာမယ်နော် "

အိုရမ်က မည်သည့်အသံမှ ပြန်မတုံ့ပြန်ခဲ့ပေ။

𝐈𝐦𝐦𝐨𝐫𝐭𝐚𝐥 𝐅𝐨𝐞𝐬 // OC Completed//Where stories live. Discover now