ℭ𝔥𝔞𝔭𝔱𝔢𝔯 23 - A new memory

1K 96 28
                                    

╔═════ ࿇ ═════╗

𝕮𝖍𝖆𝖕𝖙𝖊𝖗 23

𝕬 𝖓𝖊𝖜 𝖒𝖊𝖒𝖔𝖗𝖞

╚═════ ࿇ ═════╝

လရောင်ဖျဖျအောက်ဝယ် အလင်းတန်းလေးများက Freeman စံအိမ်တော်​၏ ခေါင်မိုးများပေါ်တွင် နွေးထွေးစွာ ဖြာကျနေလျက်ရှိသည်။

ထိုအခိုက်အတန့်၌ လရောင်အလင်းတန်းများအောက်ဝယ် ဆေးလိပ်မီးခိုးငွေ့များက တထောင်းထောင်းဖြင့် အပေါ်သို့ တိမ်းညွတ်သွားပြီးလျှင် လေပေါ်မှာ ပြန့်ကျဲပျောက်ကွယ်သွား​၏။

လောကကြီးကို အလွန်စိတ်ကုန်နေသည့် သက်ပြင်းချသံတစ်ခု ပေါ်ထွက်လာသည်။

ဂျရယ်မိုင်ရာ​၏အတွေးများထဲ သူငယ်စဉ်က သိခဲ့သည့်ခရစ်စတိုဖာအကြောင်းတွေသာ ပြည့်နှက်နေခဲ့သည်။

သူ ကောင်းကင်ကို အကြာကြီးမော့ကြည့်ပြီး ထိုင်နေတုန်းမှာပဲ မွန်ဒီက သူ့အနားကပ်လာသည်။

မွန်ဒီကလည်း ယခင်နေ့များထဲက ဂျရယ်မိုင်ရာကဲ့သို့ ခေါင်းမိုးပေါ် တအားတက်ဖူးချင်နေခဲ့သောသူလေးပင်။

ဂျရယ်မိုင်ရာကဲ့သို့ မြေလျှိုးမိုးပျံနိုင်ခြင်းမရှိသည့်အတွက် သူမအနေဖြင့် ဂျရယ်မိုင်ရာကနေ သူမကိုချီခေါ်ပြီး ခေါင်မိုးပေါ် ချပေးမှသာ အဆင်ပြေသည်။

ယခုတွင်လည်း သူမတို့နှစ်ယောက် ခေါင်မိုးပေါ်မှာထိုင်နေခဲ့ကြတာ နာရီဝက်ရှိနေပြီဖြစ်သော်လည်း ဘာစကားမှ မပြောဖြစ်ကြပေ။

သို့သော် မွန်ဒီက စိတ်ပျက်လက်ပျက်ပုံစံရှိနေတဲ့ ဂျရယ်မိုင်ရာကို ဘဝင်မကျ ဖြစ်လာသည်။

" ဟေး ဂျရယ် ... ဘာဖြစ်နေတာလဲ "

မွန်ဒီလည်း မေးချင်စိတ်မထိန်းနိုင်တော့ဘဲ မေးချလိုက်သည်။

" အင်း ဒီလိုပါပဲ .... ရင်ထဲမကောင်းလို့ "

ဂျရယ်မိုင်ရာ သူမကို မကြည့်နေဘဲ ရှေ့တည့်တည့်သာ စိုက်ကြည့်နေပြီး ပြန်ဖြေခဲ့သည်။

မွန်ဒီလည်း မျက်မှောင်ကုတ်လာပြီး နူတ်ခမ်းအနည်းငယ် စူပုပ်သွားသည်။

𝐈𝐦𝐦𝐨𝐫𝐭𝐚𝐥 𝐅𝐨𝐞𝐬 // OC Completed//Where stories live. Discover now