ℭ𝔥𝔞𝔭𝔱𝔢𝔯 21 - A New Family Member

1.1K 94 20
                                    

╔═════ ࿇ ═════╗

အခန်း (၂၁)

မိသားစုဝင်အသစ်

╚═════ ࿇ ═════╝

မော်ရာသည် ယောကျာ်းလေးတစ်ယောက်ဖြစ်သော်လည်း မိန်းကလေးလိုနေရသည်ကို အလွန်အမင်းနှစ်သက်​၏။ သူ​၏နာမည်အရင်းကား ဒန်မော်ရာဖြစ်လင့်ကစား မိန်းကလေးဆန်အောင် မော်ရာဟုသာ သူ့ကိုယ်သူ သတ်မှတ်ထားခဲ့သည်။ သူသည် ဂါဗင်အတွက် သူလျှိုလုပ်ပေးနေရသူဖြစ်ပြီး တစ်ချို့ကိစ္စများကို လျှို့ဝှက်စုံစမ်းရာ၌ ယောကျာ်းလေးပုံစံ (သို့မဟုတ်) မိန်းကလေးပုံစံ အစရှိသဖြင့် သူပြောင်းလဲလိုသည့်ပုံစံအား အဆင်ပြေသလို ပြောင်းလဲလှုပ်ရှားလေ့ရှိသည်။

ဂါဗင်နှင့်မော်ရာတို့​၏ relationship သက်တမ်းမှာ ၅ လကျော်မျှသာရှိပြီး အချိန်ဘယ်လောက်မှ မကြာသေးပေ။ အသက်အရွယ်အားဖြင့်လည်း ဂါဗင် က ၂၈ ၊ မော်ရာက ၂၀ ဖြစ်သည်။

မော်ရာက ဂါဗင့်အပေါ် အနွံတာခံပြီး ချစ်ပေးသလောက် ဂါဗင်ကတော့ မော်ရာနှင့်သူ၏ relationship အပေါ် စီးပွားရေးဆန်ဆန် သဘောထားရုံကလွဲ၍ တခြားလေးနက်သော ခံစားချက်များ ရှိမနေပါ။ တွဲလာသည့် ၅ လကျော်မှာလည်း ဂါဗင်က အလုပ်ကိစ္စများဖြင့် ခရီးသွားနေရသလို မော်ရာက ဂါဗင်၏အမိန့်ဖြင့် သူလျှိုခရီးစဉ်များ ထွက်ခဲ့ရသောကြောင့် သူတို့နှစ်ယောက်၏ ဆုံတွေ့ချိန်က အလွန်နည်းလွန်းသည်။

မော်ရာသည် မျက်လုံးဝါလေးများပိုင်ဆိုင်သော သမန်းကြောင်မိစ္ဆာလေးဖြစ်သည်။ မော်ရာ​၏ နဂိုမူလပုံစံဟာ မိန်းမချောချောပြီး ဆံပင်တိုတို ဖိုသီဖတ်သီနှင့် ချစ်စရာကောင်း၏။ စကားပြောလျှင်လည်း ချိုချိုအေးအေးလေးနှင့် နူးညံ့သိမ်မွေ့လွန်းသည်။

" ဂါဗင်...အချစ် စုံစမ်းခိုင်းထားတဲ့ လူတွေအကြောင်း ကျွန်မသိရပြီ "

မော်ရာက ဂါဗင်၏ရင်ခွင်ထဲမှာ မှီနေရင်း ပြောလိုက်သည်။

" အွန်း ဘယ်လိုလဲ "

ဂါဗင်၏မျက်လုံးများက မော်ရာကို တည်ငြိမ်စွာ ကြည့်နေခဲ့သည်။

𝐈𝐦𝐦𝐨𝐫𝐭𝐚𝐥 𝐅𝐨𝐞𝐬 // OC Completed//Where stories live. Discover now