ℭ𝔥𝔞𝔭𝔱𝔢𝔯 27 - A Prisoner in the Moon Palace

771 70 13
                                    

╔═════ ࿇ ═════╗

𝕮𝖍𝖆𝖕𝖙𝖊𝖗 27

𝕬 𝕻𝖗𝖎𝖘𝖔𝖓𝖊𝖗 𝖎𝖓 𝖙𝖍𝖊 𝕸𝖔𝖔𝖓 𝕻𝖆𝖑𝖆𝖈𝖊

╚═════ ࿇ ═════╝

ပတ်ဝန်းကျင် အေးဆေးတည်ငြိမ်သော ညတစ်ညဖြစ်သည်။ မဟာယာနဗုဒ္ဓဘာသာကိုးကွယ်သည့် ဂျပန်ဗုဒ္ဓကျောင်းဆောင်ကြီး၌ အရွယ်အစား အလတ်ရှိသော ဗုဒ္ဓဆင်းတုတော်တစ်ခု သပ္ပာယ်စွာ တည်ရှိလေသည်။

ကိုတက ဘုရားကျောင်းဆောင်အတွင်း ညနေ ၆ နာရီကနေ ည ၁၂ ထိ တရားထိုင်နေခဲ့သည်။ ၁၂ အတိတွင် တရားဖြုတ်ချပြီးသော် သူ့မျက်လုံးများက တဖြည်းဖြည်း ပွင့်လာသည်။ ထို့နောက် အသာအယာ မတ်တပ်ထပြီး ဘုန်းကြီးကျောင်း ပရဝဏ်အတွင်း ဆင်းခဲ့သည်။

တရားထိုင်ပြီးကာစဖြစ်၍ သူ့စိတ်သည်လည်း အလွန်အမင်း ကြည်လင်နေခဲ့​၏။ ဤ ဂျပန်ဗုဒ္ဓဘာသာဘုန်းကြီးကျောင်းက ခေတ်အဆက်ဆက် ကိုတအနေဖြင့် ကျင်လည်နေထိုင်လာခဲ့သောနေရာဖြစ်သည်။

တစ်နေရာအရောက်မှာ သူ့ခြေလှမ်းတွေက အလိုလို စုံရပ်သွားလျက်။ သူ​၏ဦးခေါင်းက မော့လာခဲ့ကာ လရောင်မှိန်နေသည့် ကောင်းကင်ကြီးအား လွမ်းဆွတ်ဖွယ် မျက်လုံးများဖြင့် စိုက်ကြည့်နေခဲ့လျက်။ခဏအကြာတွင် သူ​၏ညာဘက်လက်ကို ကောင်းကင်ဆီသို့ ရွယ်ချိန်ခဲ့သည်။ ထို့နောက် သူ့လက်ဖဝါးကနေ ခရမ်းရောင်အလင်းတန်းတစ်ခု ပေါ်ထွက်လာ​၏။

" ဟီရိုကို ... ကိုယ်တို့ကို မေ့နေပြီလား။ မင်းရဲ့အပြစ်ဒဏ်သင့်ရာကနေ လွတ်မြောက်လာမဲ့နေ့လေးကို မျှော်နေမိတယ်။ ဒါမှလည်း မင်းရဲ့သားက မင်းရဲ့စကားတွေကို ယုံကြည်ပြီး အဖြစ်မှန်တွေလက်ခံလာမှာကို။ ဒါ့ကြောင့် ပင်ပန်းနေမယ်ဆိုလည်း ဆက်အားတင်းထားပါအုံး​။ ကိုယ်ကတော့ မင်း ပေးထားတဲ့ တာဝန်တွေနဲ့ အသက်ရှင်နေဆဲပေါ့"

နှလုံးအိမ်အတွင်းမှ ထွက်ပေါ်လာသော စကားလုံးတိုင်းဟာ ကိုတ​၏ခံစားချက်အမှန်ပင်။

ကိုတ​၏မဟူရာမျက်ဝန်းများအတွင်းမှာ ခရမ်းရောင်စွမ်းအင်​၏ပုံရိပ်ဟာ ထင်ဟပ်နေလျက်။

𝐈𝐦𝐦𝐨𝐫𝐭𝐚𝐥 𝐅𝐨𝐞𝐬 // OC Completed//Where stories live. Discover now