Prolouge (Z)

3.1K 52 0
                                    

╔═════ ࿇ ═════╗ပဏာမနိဒါန်း╚═════ ࿇ ═════╝

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.



╔═════ ࿇ ═════╗
ပဏာမနိဒါန်း
╚═════ ࿇ ═════╝


ငြိမ်ဆိမ်နေသောမြက်ပင်များက ဖျတ်ခနဲပြေးလွှားသွားသောအရာကြောင့် ယိမ်းယိုင်လူပ်ရှားသွားသည်။ မြေပြင်ပေါ်ဝယ် မိုးဖွဲလေးများသာ ကျရောက်နေသော မှိုင်းညို့ညို့မိုးသောက်ယံပင်။

မိုးရေစက်တို့ကြောင့် အိုင်ဖြစ်တည်နေသော ဗွက်အိုင်များပေါ် အရှိန်အဟုန်ဖြင့် ဖြတ်သန်းသွားသောအခါ ဗွက်စဗွက်ငယ်တို့မှာ ဘေးဘက်များသို့ ဖိတ်စင်သွားလေသည်။

ထိုပြေးလွှားနေသောအရာဆီသို့ အစီအရင်မန္တန်နှင့် ဖန်တီးထားသည့်မြားတစ်စင်းက အရှိန်အဟုန်တစ်ခုဖြင့် ဆိုက်ရောက်ကာ ထိုးဖောက်ဝင်သွားတော့၏။ မကြာခင် ကောင်လေးတစ်ယောက်​၏မျက်နှာပေါ်တွင် အောင်ပွဲခံအပြုံးတစ်ခုရှိနေခဲ့သည်။

" မိစ္ဆာကောင်လေး မင်း ဘယ်ပြေးလွှတ်မလဲ။ ပျော်လိုက်တာ။ မင်းကိုဖမ်းမိတာ ငါ့အဖေဆီ သွားသက်သေပြရမယ်။
အဲဒါဆိုရင် အဖေက ငါ့ကို ပညာအသစ်တွေ သင်ပေးတော့မှာ ဟားဟား "

၁၃ နှစ်အရွယ်သာရှိသေးသောကောင်ကလေးက မြေခွေးဖြူလေးကိုကြည့်၍ တဟားဟားလှောင်ရယ်နေခဲ့၏။ ထို့နောက် မြှားပစ်ခံထိထားသဖြင့် မထနိုင်တော့သည့် ထိုလူတစ်ပိုင်း၊မိစ္ဆာတစ်ပိုင်းရောနှောသည့်မြေခွေးဖြူသတ္တဝါငယ်လေးကို လှောင်အိမ်ထဲသို့ထည့်သွင်းရန် ပြင်ဆင်လိုက်သည်။

" ဟောဒီက အစ်ကိုကြီး ... ကျေးဇူးပြုပြီး ကျွန်တော့်အသက်ကိုချမ်းသာပေးပါ။ ကျွန်တော် ဘယ်လူသားကိုမှ အန္တရာယ်မပေးပါဘူး ... ယုံကြည်ပေးပါလား ... "

" ဘယ်ရမလဲကွ ... မင်းလိုကောင်ကို ယုံမယ်ထင်နေလား။ မင်းကို အသေသတ်ပစ်မှာ ... "

𝐈𝐦𝐦𝐨𝐫𝐭𝐚𝐥 𝐅𝐨𝐞𝐬 // OC Completed//Where stories live. Discover now