ℭ𝔥𝔞𝔭𝔱𝔢𝔯 28 - The Smile

680 63 18
                                    

╔═════ ࿇ ═════╗

𝕮𝖍𝖆𝖕𝖙𝖊𝖗 28
The Smile

╚═════ ࿇ ═════╝

[မှတ်ချက်။ ။ ယခုမှစတင်၍ မိစ္ဆာနှိမ်နင်းသူများအပြင် မကောင်းဆိုးဝါးနှိမ်နင်းသူများ၊ နတ်ဆိုးနှိမ်နင်းသူများ အစရှိသဖြင့် ဝေါဟာရအမျိုးမျိုးဖြင့် အဆင်ပြေဆီလျော်သလို ရေးသားသွားမည်။]

စံပယ်ရနံ့သင်းပျံ့၍ လေထုအနည်းငယ်အေးမြနေသော ခန်းမထဲတွင် ယောကျာ်းလေးအသွင်နှင့် ဒန်မော်ရာက တရုတ်ရိုးရာ ကြေးပလွေအား တီးမှုတ်ကာ ဂါဗင်ကို ဖျော်ဖြေနေခဲ့သည်။

ပလွေအသံ​၏သံစဉ်သာယာပုံကား နားထောင်စဉ် ဆိတ်ငြိမ်ပျော်မွေ့ဖွယ် သုခဘုံတစ်ခုကို ရောက်နေသည့်အလား ၎င်းသံစဉ်က စိတ်ဘဝကို ကြည်နူးအေးချမ်းစေသည်။

သူ တီးမှုတ်နေသည့်သီချင်းက တရုတ်ပြည်တွင် ခေတ်အဆက်ဆက်နာမည်ကြီးခဲ့သော ရိုးရာသီချင်းတစ်ပုဒ်ပင်။

ဒန်မော်ရာသည် တရုတ်ပြည်မကြီးမှ ပေါက်ဖွားလာသော ကြောင်နက်မိစ္ဆာဖြစ်​၏။

သူ​၏ယခင်တရုတ်အမည်မှာမူ Bao Shuai (ပေါင်ရွှိုက်) ဖြစ်ပေသည်။ သို့သော် သူ​၏ယခင်ဘဝကို ဇာတ်မြုပ်ချင်ခဲ့သည့်အတွက် ဒန်မော်ရာဟူ၍ အမည်သစ်နှင့်အတူ ဘဝအသစ်တစ်ခုကို သူ​၏ဖခင်နှင့် စတင်ခဲ့သည်မှာ ၃ နှစ်မျှသာရှိသေးသည်။ ဤသို့ဖြင့် ဒန်မော်ရာက တရုတ်လူမျိုးစစ်စစ်ဖြစ်ပြီး တရုတ်ရိုးရာအကများနှင့် အတီးအမှုတ်များအား စိတ်ဝင်စားကာ ဝါသနာကြီးသူလည်းဖြစ်သည်။

ထို့အပြင် ရိုးရာပလွေသာမက၊ (Guzheng) ကုချင်းခေါ် ကြိုးတူရိယာ တရုတ်ဗျပ်စောင်းအား ကောင်းစွာ တီးခတ်နိုင်သည်။

ထို့အပြင် ရိုးရာပလွေသာမက၊ (Guzheng) ကုချင်းခေါ်  ကြိုးတူရိယာ တရုတ်ဗျပ်စောင်းအား ကောင်းစွာ တီးခတ်နိုင်သည်။

Oups ! Cette image n'est pas conforme à nos directives de contenu. Afin de continuer la publication, veuillez la retirer ou télécharger une autre image.
𝐈𝐦𝐦𝐨𝐫𝐭𝐚𝐥 𝐅𝐨𝐞𝐬 // OC Completed//Où les histoires vivent. Découvrez maintenant