𝐄𝐱𝐭𝐫𝐚 𝟏 : Love Poems (U)

1.1K 52 4
                                    


အချပ်ပို ()
အချစ်ကဗျာများ

ပိရမစ်သဏ္ဌာန်အိမ်ခေါင်မိုးပေါ်တွင် ဖြူဖွေးဖွေးရေခဲထုများက အုပ်မိုးထားသည်။ မီးခိုခေါင်းတိုင်ပတ်လည်သည်လည်း ရေခဲဖြူများက ပတ်လည်ဝန်းရံထားလျက်။ ဆောင်း၏အအေးရှိန်က သက်ရှိတိုင်းကို ခိုက်ခိုက်တုန်နေရအောင် အလွန်ပြင်းထန်နေသည်။

ရွှေအိုရောင်ဆံနွယ်နှင့်ကောင်လေးတစ်ယောက်မှာ ပြတင်းပေါက်အပြင်ဘက်ကို ဖြိုင်ကျနေသောငွေနှင်းမှုန်များကို ငေးကြည့်နေသည်။ သူ့ပုံစံက တစ်ခုခုကို လွမ်းဆွတ်နေသယောင်။

'မင်းနဲ့မတွေ့ရတော့တာ ၅ နှစ်တောင်ရှိပြီ။ ငါ မင်းကိုရှာနေခဲ့တာ ဘယ်မှာမှ မတွေ့ဘူး။ မင်း အင်္ဂလန်မှာ မရှိတော့တာလား ခရစ်'

၁၉ နှစ်အရွယ်ကောင်ချောလေး၏အာရုံထဲတွင် ပျောက်ဆုံးသွားသောမြေခွေးဖြူမိစ္ဆာလေးအကြောင်းကို တွေးတောနေကာ စိတ်နှလုံးမချမ်းမြေ့နေသည်။ သူ့မျက်လုံးများကို စက္ကန့်အနည်းငယ်လောက်မှိတ်ပြီး အနားပေးနေခဲ့သည်။ ထို့နောက် မျက်လုံးများကို ပြန်ဖွင့်လာရင်း စားပွဲခုံပေါ်က သူ၏ဒိုင်ယာရီစာအုပ်ဆီ အကြည့်များရောက်သွားခဲ့သည်။

အမည်းရောင်စာအုပ်၏မျက်နှာပြင်အဖုံးဒီဇိုင်းသည် ရွှေရောင်ဖောင်းကြွကနုတ်ပန်းအခက်အလက်များ၊ ရွှေရောင်ဘောင်အနားကွပ်များဖြင့် ဖန်တီးပြုလုပ်ထားခြင်းခံရသည်။ ၂ လက်မအထူရှိ၏။ ၁၉ နှစ်သား ဂျရယ်မိုင်ရာက ထိုစာအုပ်အထူကို ဖွင့်လိုက်သည်။ သူ့လက်ချောင်းများက စာမျက်နှာအဟောင်းများကိုကျော်ကာ စာမျက်နှာအလွတ်တစ်ခုဆီ မရောက်မချင်း အဆက်အမပြတ်လှန်နေခဲ့၏။

၎င်းစာမျက်နှာအသစ်ထဲတွင် ကဗျာတစ်ပုဒ်အား တန်ဖိုးကြီးဖောင်တိန်ဖြင့် နှလုံးသားကဗျာတစ်ပုဒ်အား ရေးစပ်ခဲ့သည်။

" နေမရှိ၊ လမရှိတဲ့ ကိုယ့်ကမ္ဘာမှာ
မင်းလေးက ကိုယ့်အတွက်
လမ်းပြကြယ်စင်လေးပါ။

သံစဉ်မဲ့နေခဲ့တဲ့ ဒီနှလုံးသား
မင်းနဲ့မှ ဂန္ဓဝင်တီးဝိုင်းတစ်ခု ဖန်တီးနိုင်တယ်။

𝐈𝐦𝐦𝐨𝐫𝐭𝐚𝐥 𝐅𝐨𝐞𝐬 // OC Completed//Where stories live. Discover now