ℭ𝔥𝔞𝔭𝔱𝔢𝔯 24 - Not Your Brother Jere

954 100 25
                                    

╔═════ ࿇ ═════╗

𝕮𝖍𝖆𝖕𝖙𝖊𝖗 24

𝕹𝖔𝖙 𝖄𝖔𝖚𝖗 𝕭𝖗𝖔𝖙𝖍𝖊𝖗 𝕵𝖊𝖗𝖊

╚═════ ࿇ ═════╝

ချစ်ခံရပြီးမှ မုန်းခံရတဲ့ ခံစားချက် ...

မုန်းခံရပြီးမှ ချစ်ခံရတဲ့ ခံစားချက် ...

ဘယ်ခံစားချက်က ပိုကောင်းတယ်လို့ ထင်မိလဲ။

တကယ်တမ်းတော့ ဇာတ်လမ်းတစ်ပုဒ်ရဲ့ အစကနေ အဆုံး အမြဲတမ်းအချစ်ခံလေးဖြစ်နေရတာက ပိုကောင်းတယ်မလား။

သူ့နှလုံးအိမ်ထဲမှာ သူကိုယ်တိုင် တသီးတသန့်နေရာပေးထားတဲ့ အချစ်ခံအကြည်ဓာတ်လေးအနေနဲ့ပေါ့ ...။

◃───────────▹

အမြဲတွေ့တိုင်း သမနေတတ်ကြသည့် ရန်သူတွေကနေ ကြည်နူးတီတူးကြသော ချစ်သူတွေဖြစ်ခဲ့ကြသည်မှာ ၄ ရက်ကြာခဲ့ပြီးနောက် ...၊

ဂါဗင့်စံအိမ်တော်ထဲသို့ ဂျရယ်မိုင်ရာက ညစဉ်ညတိုင်း Teleportation အစွမ်းဖြင့် ခရစ်စတိုဖာ​၏အခန်းထဲသို့ ဝင်ရောက်ကာ အတူတူအိပ်လေ့ရှိခဲ့သည်။

ယနေ့တွင်မူ ဂျရယ်မိုင်က ညနေစောင်းထဲကပင် ခရစ်စတိုဖာ​၏အိပ်ခန်းထဲ သူပြန်အလာကို ကြိုတင်စောင့်ဆိုင်းနေခဲ့ရင်း ဖုန်းသုံးနေခဲ့သည်။

ဤသို့ဖြင့် ခရစ်စတိုဖာလည်း ဂါဗင်နှင့်မနက်ကနေ ညနေစောင်းလွန်သည်အထိ အပြင်လိုက်သွားရပြီး ည ၇ နာရီမှ စံအိမ်တော်ကို ဂါဗင်တို့နှင့်အတူတူ ပြန်ရောက်လာခဲ့​၏။

ခရစ်စတိုဖာလည်း သူအိပ်ခန်းတံခါးဖွင့်လျှင်ဖွင့်ချင်း သူ့ချစ်ချစ် ဂျရယ်မိုင်ရာကြီးက သူ့အားစောင့်ဆိုင်းနေမည်ကို ကြ်ိုသိနေခဲ့သောကြောင့် ပြုံးပျော်ရွှင်ကာ အခန်းတံခါးအား လျှို့ဝှက်ကုဒ်ရိုက်ထည့်ကာ ဖွင့်လိုက်သည်။

ထိုကဲ့သို့ ကြိုသိရခြင်းမှာ ဂါဗင်နှင့်သူ အပြင်ရောက်နေတုန်း ဂျရယ်မိုင်ရာဆီမှ sms တစ်စောင်လက်ခံရရှိခဲ့ခြင်းကြောင့်ပင်။

တံခါးဖွင့်လျှင်ဖွင့်ချင်း ဂျရယ်မိုင်ရာကို မတွေ့ရသေးပေ။

𝐈𝐦𝐦𝐨𝐫𝐭𝐚𝐥 𝐅𝐨𝐞𝐬 // OC Completed//Where stories live. Discover now