ℭ𝔥𝔞𝔭𝔱𝔢𝔯 34 - Under the Moonlight Ocean

526 56 14
                                    



╔═════ ࿇ ═════╗

𝕮𝖍𝖆𝖕𝖙𝖊𝖗 34
Under the Moonlight Ocean

╚═════ ࿇ ═════╝

ဂျက်ဖရီမှာ ရီကာဒိုက သူ့ကိုဆန့်ကျင်ခဲ့သည့်ကိစ္စနှင့်ပတ်သက်၍ တစ်ယောက်တည်းဒေါသထွက်နေခဲ့သည်။ သူ့အာရုံနှင့်သူ စိတ်ရှုပ်နေခဲ့သောကြောင့် ကီရမ်တစ်ယောက် စံအိမ်တော်မှာ မရှိနေခဲ့သည်ကိုပင် သတိမထားမိခဲ့ပေ။

အိုဝမ်ကလည်း ခရစ်စတိုဖာကို ရှာဖွေစုံစမ်းနိုင်မည့်နည်းလမ်းများကို တွေးတောနေခဲ့သော်လည်း အကောင်အထည်မဖော်နိုင်ဘဲဖြစ်နေခဲ့၏။ သားဖြစ်သူအပေါ် သံယောဇဉ်ကြီးသဖြင့် ကိုယ်တိုင်လည်း မသတ်နိုင်သကဲ့သို့ မိန်းမဖြစ်သူကိုယ်လည်း မတိုင်ပင်ရဲပေ။ ဤသို့ဖြင့် အကျပ်ရိုက်နေခဲ့သည်။

ကီရမ်က အိမ်မပြန်တော့ဘဲ မွန်ဒီ့ကို လုံခြုံဘေးကင်းစေရန် သူမနှင့်အတူတူ ခြေဦးတည့်ရာ လျှောက်သွားနေခဲ့သည်မှာ အချိန် ၂ နာရီကျော် ကြာမြင့်လာခဲ့သည်။ ထို့ကြောင့် မွန်ဒီက လမ်းလျှောက်နေရသည်ကို ငြီးငွေ့စပြုလာသည်။ ပျင်းရိစွာ သမ်းဝေလိုက်ပြီး ကီရမ့်ကို စကားပြောခဲ့သည်။

" ကီရမ် ... "

" ဟမ် "

" နင် ပင်လယ်မှာ ရေကူးဖူးတယ်မလား "

" အင်း "

မွန်ဒီက ရုတ်တရက် မျက်နှာညိုးသွားသည်။

" ငါ ပင်လယ်ကြီးကို လွမ်းတယ်။ ငါ့ အမြီးလေးကိုလည်း လွမ်းတယ်။ ပင်လယ်မှာ ရေကူးချင်တယ် "

ကီရမ်က လမ်းလျှောက်နေရာမှ ရပ်တန့်သွားသည်။ စက္ကန့်အနည်းငယ်ခန့် စဥ်းစားတွေဝေနေခဲ့သည်။ ထို့နောက် သက်ပြင်းလုံးသေးသေးလေးချခဲ့လျက်။

" ခု ... ပင်လယ်ဆီ ရေသွားကူးမလား "

မွန်ဒီက ရေကူးရမည့်အသံကြားလျှင် မျက်နှာပြုံးရွှင်သွားသော်လည်း သူမ၏အတွေးထဲတွင် မေးခွန်းများစွာပေါ်လာခဲ့သည်။

" ဒီနားမှာတော့ ပင်လယ်မရှိဘူးလေ။ ပြီးတော့ ဒီည ရာသီဥတုအခြေအနေ သာယာရဲ့လားဆိုတာလည်း မသိနိုင်ဘူး ... "

𝐈𝐦𝐦𝐨𝐫𝐭𝐚𝐥 𝐅𝐨𝐞𝐬 // OC Completed//Where stories live. Discover now