ℭ𝔥𝔞𝔭𝔱𝔢𝔯 3 - Toxic Birthday Party (U)

3K 241 51
                                    

╔═════ ࿇ ═════╗
𝕮𝖍𝖆𝖕𝖙𝖊𝖗 3
𝕿𝖔𝖝𝖎𝖈 𝕭𝖎𝖗𝖙𝖍𝖉𝖆𝖞 𝕻𝖆𝖗𝖙𝖞

╚═════ ࿇ ═════╝

ဂျရယ်မိုင်ရာဆိုသူသည် ခေါင်းမာပြီး အကြောတင်းသူ၊ ရုပ်ရည်ရူပကာ အလွန်ချောမောသောကြောင့် ပဲအလွန်များကာ အမြဲလေကျယ်ဘ၀င်မြင့်နေသော မကောင်းဆိုး၀ါးမိစ္ဆာနှိမ်နင်းသူတစ်ဦးဖြစ်၏။ သူသည် အင်္ဂလန်နိုင်ငံအောက်စဖို့ဒ်တက္ကသိုလ်တွင် ဗိသုကာပညာကို လေ့လာဆည်းပူးခဲ့ပြီးနောက် ဒေါက်တာဘွဲ့ရထားသူလည်းဖြစ်၏။ လက်ရှိတွင် Freelance Architect အဖြစ် လုပ်ကိုင်နေပြီး ဖရီးမန်း စိန်နှင့်ကျောက်မြတ်ရတနာတူးဖော်ရေးကုမ္ပဏီကြီး၏အမွေဆက်ခံခွင့်ရရှိထားသူလည်း ဖြစ်ချေသည်။

ဂျရယ်မိုင်ရာ၏တီမိုသီဖရီးမန်းမျိုးဆက်ခုနှစ်ဆက်က ဘိုးဘေးဘီဘင်မိစ္ဆာနှိမ်နင်းသူများသည် ဥရောပနှင့်အာရှတစ်ခွင်၌ ခေတ်အဆက်ဆက် နာမည်ကြီးလာခဲ့သည်။ ယနေ့ ၂၁ရာစုခေတ်တွင်လည်း သက်ရှိထင်ရှား အသက်ရှိနေသေးသည့် ငယ်ရွယ်နုပျိုသော အမတတီမိုသီဖရီးမန်းများဟူ၍ပင် ခေါ်ဆိုခြင်းခံကြရလေသည်။

ဘိုးတော်ခုနှစ်ယောက်သည်လည်း ဘ၀င်အတော်မြင့်ကြသော မာနဘုရင်များဖြစ်ကြပေသည်။ ဤကဲ့သို့ အမတသက်တော်ရှည်ဘိုးတော်များကနေ သူတို့၏မျိုးဆက်သစ်ဖြစ်သည့် ဂျရယ်မိုင်ရာဒေါမနစ် တီမိုသီဖရီးမန်း (Jeremiah Dominic Timothy Freeman) ကိုလည်း သူတို့ကဲ့သို့ အထင်ကရအကျော်အမော်ဖြစ်လာစေရန် မျှော်လင့်ထားကြပေသည်။

ဂျရယ်မိုင်ရာ​၏ ဆရာလည်းဖြစ်၊ ဖခင်လည်းဖြစ်သူ Dominic Timothy Freeman (ဒေါမနစ် တင်မိုသီ ဖရီးမန်း) လည်း ထိုကဲ့သို့သော မျှော်လင့်ချက်များဖြင့် သားဖြစ်သူအား နေ့စဉ်နှင့်အမျှ လေ့ကျင့်သင်ကြားပေးလာခဲ့သည်မှာ ဂျရယ်မိုင်ရာ အသက် ၂၈ နှစ် ရောက်ရှိခဲ့သည့်တိုင်အောင်ပင်။

ခြွင်းချက်မူကား ဂျရယ်မိုင်ရာအနေဖြင့် သူ့ဖခင်ဆီကချီးကျူးခံရအောင် ကြိုးစားလေ့ကျင့်ခဲ့သော်လည်း ဒေါမနစ်၏နူတ်ဖျားကနေ ဘယ်သောအခါကမှ သားဖြစ်သူ ဂျရယ်မိုင်ရာကတော်ကြောင်း၊ ကောင်းကြောင်းမပြောတတ်သကဲ့ကို့ မချီးမွမ်းခဲ့ပေ။

𝐈𝐦𝐦𝐨𝐫𝐭𝐚𝐥 𝐅𝐨𝐞𝐬 // OC Completed//Where stories live. Discover now