ℭ𝔥𝔞𝔭𝔱𝔢𝔯 7 - Ice Dragon Crown Prince (U)

2K 187 9
                                    

╔═════ ࿇ ═════╗

𝕮𝖍𝖆𝖕𝖙𝖊𝖗 7
𝕴𝖈𝖊 𝕯𝖗𝖆𝖌𝖔𝖓 𝕮𝖗𝖔𝖜𝖓 𝕻𝖗𝖎𝖓𝖈𝖊

╚═════ ࿇ ═════╝


" ခစ်ခစ် မင်းအတွက် စားဖို့ချက်ပြုတ်ပေးရတာ ကိုယ့်အတွက် အပန်းမကြီးပါဘူး။ ကိုယ့်ကလေးအတွက်ပဲလေ ..."

မနက်က ဂျရယ်မိုင်ပြောခဲ့သော မနှစ်မြို့စရာစကားတစ်ချို့က ခရစ်စတိုဖာ၏ခေါင်းထဲကနေ ယခုထိတိုင် မထွက်နိုင်သေးပေ။ သူစဉ်းစားမိလိုက်တိုင်းမှာ ကြက်သီးထရသည်။

" ဒီမသာကောင်တော့ ခုချိန်ထိ အတွေးတွေထဲတောင် လိုက်နှောင့်ယှက်နေတယ် အားးး "

ခရစ်စတိုဖာမှာ သူတစ်ယောက်တည်း ကြိတ်မနိုင်ခဲမရဖြစ်နေရင်း အဝတ်လျော်စက်ထဲသို့ သူ့အဝတ်များကို ပစ်ထည့်လိုက်သည်။ ထို့နောက် သူ၏အခန်းထဲသို့ ပြန်လာခဲ့သည်။ ကုတင်ပေါ်က သူ့ဖုန်းမျက်နှာပြင် မီးလင်းနေတာကိုတွေ့တော့ အမြန်ကောက်ယူကြည့်၏။ သူ့ကို ဖုန်းခေါ်ထားသော missed call notification များကို တွေ့လျှင်တွေ့ချင်း ချက်ချင်းဖုန်းပြန်ခေါ်သည်။

" ဘာကိစ္စရှိလို့များလဲ "

" ဂျရယ်မိုင်ရာရှိတဲ့နေရာကို တွေ့ထားပြီ။ အဲဒါကြောင့် ဘုရင်ကြီးက သူ့ဆီ မင်းနဲ့တပ်သားတွေကို သွားသတ်ခိုင်းဖို့ အမိန့်ချထားတယ်။ မူရစ်စ်ဖား နိုက်ကလက်ဆီ အမြန်သွားတော့ "

ထိုစကားလုံးတွေက ခရစ်စတိုဖာ၏နားထဲသို့ရောက်သွားသည့်အခါ သူ့မျက်နှာတစ်ပြင်လုံး ချွေးတွေ စို့လာသည်။

" အာ အဲဒါမှ ပြဿနာပဲ။ ကျွန်တော် နေမကောင်းသေးဘူး။ ဟိုတစ်ခါ တိုက်ပွဲပြီးထဲက စွမ်းအင်တွေအပြည့်မစုစည်းနိုင်သေးတာ ... ဒီရက်ထဲ အားအင်နုံးချိနေတာပဲ။ ခုတောင် အကြောအဆစ်တွေက ကိုက်ခဲနေတာ ... အား ပြောရင်းနဲ့တောင် နာလာပြီ။ အဲဒါကြောင့်လေ ကျွန်တော့်အစား တစ်ခြားဗိုလ်ချုပ်ကိုပဲ လွှတ်လိုက်ပါလား။ ဟဲ ...."

𝐈𝐦𝐦𝐨𝐫𝐭𝐚𝐥 𝐅𝐨𝐞𝐬 // OC Completed//Where stories live. Discover now