ℭ𝔥𝔞𝔭𝔱𝔢𝔯 22 - Morra or Dan Morra ? (U)

871 78 24
                                    



╔═════ ࿇ ═════╗

𝕮𝖍𝖆𝖕𝖙𝖊𝖗 22

𝕸𝖔𝖗𝖗𝖆 𝖔𝖗 𝕯𝖆𝖓 𝕸𝖔𝖗𝖗𝖆 ?

╚═════ ࿇ ═════╝


ယနေ့တွင် ရာသီဥတုအပြင် ပတ်ဝန်းကျင်ကပါ အေးချမ်းတည်ငြိမ်နေပေသည်။

ရေကူးကန်ရှေ့က အပန်းဖြေကုလားထိုင်တွေပေါ်မှာ ဂါဗင်နှင့်ရီကာဒိုတို့ ညီအစ်ကိုဝမ်းကွဲနှစ်ယောက် လဲလျောင်းရင်း စကားစမြည်ပြောနေခဲ့ကြသည်။
ဂါဗင့်စံအိမ်တော်ကို ရီကာဒိုက ယနေ့မနက်ပိုင်းလောက်ကမှ အလည်ရောက်လာခဲ့သည်။

ညီအစ်ကိုများ စကားလက်ဆုံကျနေစဥ်မှာ ရီကာဒိုက အနောက်ဘက်ကို အမှတ်မထင် ကြည့်မိသည့်အခါ ဂါဗင်၏တပည့်တစ်ယောက်က ရေကန်နားကို ခပ်မြန်မြန် လမ်းလျှောက်လာနေသည်ကို မြင်လိုက်​၏။

ထိုသူက ဂါဗင့်အနားရောက်လျှင် ရိုသေစွာ ဦးညွှတ်လျက် ...

" အရှင်မင်းသားရဲ့ချစ်သူ မော်ရာရောက်နေပါတယ် ၊ဝင်ခွင့်ပေးလိုက်ရမလား " ဟူ၍ ပြောခဲ့သည်။

ဂါဗင်ကလည်း " အင်း " ဟု တစ်လုံးတည်း ဖြေကြားသည်။

" ကောင်းပါပြီ အရှင်မင်းသား "

ရီကာဒ်ိုက အံ့အားသင့်မှုဖြင့် ဂါဗင့်ကို စိုက်ကြည့်နေခဲ့ပြီး မဲ့ပြုံးပြုံးနေခဲ့သည်။

" မင်း ခါတိုင်းလို ခိုင်းစားပြီး play နေပြန်ပြီလားကွ၊ ဒီတစ်ယောက်ရော ဘယ်အချိန် ပြတ်မှာလဲ "

" မပြောတတ်ဘူး၊ သူကတော့ ကြာမယ်ထင်တယ် "

ရီကာဒိုက သူ့ဒူးနှစ်ဖက်လုံးကို လှုပ်ရမ်းနေခဲ့ပြီး 'ဒီကောင်တော့ မလွယ်ဘူး ' မျက်နှာပေးဖြင့် ခေါင်းအနည်းငယ်လှုပ်ယမ်းလျက် သက်ပြင်းညင်းညင်းလေး ချမိသည်။

" ငါကတော့ ယောကျာ်း၊ မိန်းမ အကုန်လိုက်မတွဲချင်ဘူး၊ ငါက ယောကျာ်းတွေချည်း စိတ်ဝင်စားနေလည်း တစ်ယောက်ဆို တစ်ယောက်ပဲ တန်ဖိုးထားချစ်ပေးချင်တာ၊ ဆိုလိုချင်တာ Gay ဖြစ်တဲ့ ငါ့ကိုလာချစ်တဲ့ မိန်းမတွေကိုတော့ " အစစ်မ ရှစမ်း " ဆိုပြီး မ play ဘူး ပြောပါတယ်၊ အဲဒီသဘောအတိုင်းပဲ၊ ငါမချစ်တဲ့လူက ငါ့လာချစ်လည်း လှည့်စားပြီး အသည်းမခွဲတတ်ဘူး၊

𝐈𝐦𝐦𝐨𝐫𝐭𝐚𝐥 𝐅𝐨𝐞𝐬 // OC Completed//Where stories live. Discover now