ℭ𝔥𝔞𝔭𝔱𝔢𝔯 18 - Your Tiny Heart (U)

1K 106 19
                                    

╔═════ ࿇ ═════╗

𝕮𝖍𝖆𝖕𝖙𝖊𝖗 18

𝖄𝖔𝖚𝖗 𝕿𝖎𝖓𝖞 𝕳𝖊𝖆𝖗𝖙

╚═════ ࿇ ═════╝

Mondy AI Version (80% similarity)

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

Mondy AI Version (80% similarity)

နေရောင်မရှိ၊ လရောင်မရှိကာ အလွန်မှောင်မိုက်သောနေရာတစ်ခုတွင် ခရစ်စတိုဖာ ရောက်ရှိနေခဲ့သည်။ စက္ကန့်အနည်းငယ်ကြာသည့်အခါ ကိုတက သူ့အရှေ့မှာ မတ်တပ်ရပ်လျက်သား ပေါ်လာခဲ့​၏။ သူတို့နှစ်ယောက်၏အကွာအဝေးက ၅ ပေလောက်ခြားသည်။

ကိုတက ပြုံးလိုက်ပြီး စကားစခဲ့သည်။

" မတွေ့ရတာကြာပြီပဲ။ မင်း အဆင်ပြေရဲ့လား "

" ငါ့ကိုယ်စောင့်နတ်လုပ်နေပြီး ငါအဆင်ပြေရဲ့လားလို့ ပြန်မေးနိုင်သေးတယ်နော်"

သူ့အမေးက ခရစ်စတိုဖာကို အနည်းငယ်စိတ်ဘဝင်မကျစေသည်။ ထို့ကြောင့် သဘောမကျသောပုံစံဖြင့် ကိုတကို တုံ့ပြန်ခဲ့သည်။
ကိုတက သူ၏ငွေယပ်တောင်အား တဖျတ်ဖျတ် ယပ်ခတ်နေခဲ့လျက် ရယ်တစ်လှည့်၊ပြုံးတစ်လှည့်နှင့်။

" ငါသိပါတယ်။ မင်းရဲ့ခံစားချက်ကိုထုတ်ပြောစေချင်လို့ တမင်သက်သက်မေးလိုက်ရုံပါ "

ကိုတက ခရစ်စတိုဖာဆီ ခြေတစ်လှမ်းချင်း ဖြည်းဖြည်းသာသာလေး လမ်းလျောက်လာခဲ့ပြီးနောက် ခြေလှမ်းများ ရပ်ဆိုင်းခဲ့သည်။ ကိုတနှင့် ခရစ်စတိုဖာအရပ်အမောင်းက မတိမ်းမယိမ်းဖြစ်သည်။

ခရစ်စတိုဖာ​၏မျက်လုံးများက သူ့ရှေ့တည့်တည့်က ကိုတဆီရောက်ရှိနေပြီး ချက်ချင်းမျက်နှာမှိုင်တွေသွားသည်။

𝐈𝐦𝐦𝐨𝐫𝐭𝐚𝐥 𝐅𝐨𝐞𝐬 // OC Completed//Where stories live. Discover now