ယွိဟွာ အလုပ်ဖြုတ်ခံလိုက်ရပြီးနောက်
အိမ်ထောင်စုတစ်ခုလုံး၏ ဝန်ထုပ်ဝန်ပိုးကြီးမှာ သူ၏
ခင်ပွန်းဖြစ်သူ ယုံကျန့်ဖင်၏ ပခုံးပေါ်သို့
ကျရောက်လာခဲ့သည်။သူ၏ခင်ပွန်းမှာ အစိုးရရုံးမှ လစဉ်လစာ
ယွမ်၂၅၀၀ သာရသည့် ယာယီဝန်ထမ်းလေး
တစ်ဦးသာဖြစ်ပေရာ ယွိဟွာအား အလွန်အမင်းစိတ်ပူစေခဲ့၏။တကယ်တော့ ယုံကျန့်ဖင်မှာ ကမ္ဘာကြီးကို ဖျက်ဆီး
လိုသူများထံမှ လျှို့ဝှက်စွာကာကွယ်ပေးနေသည့် ကာကွယ်စောင့်ရှောက်သူတစ်ဦးဖြစ်ပြီး ဝင်ငွေလည်း အလွန်ကောင်းသူဖြစ်သည်။သို့ဖြစ်ရာ ယုံကျန့်ဖင်တစ်ယောက် တစ်နေ့လုံးပူပန်နေလေ၏။သူ့မှာ စုဆောင်းထားတဲ့ ယွမ်သန်း
အချို့ရှိတယ်ဆိုတာကို သူ့လျှို့ဝှက်ချက်ကို
မဖော်ထုတ်ဘဲ ယွိဟွာကို သူဘယ်လိုပြောပြရမလဲ?တစ်နေ့တွင် ယုံကျန့်ဖင်သည် ကမ္ဘာကြီးကိုဖျက်ဆီး
နိုင်သည့် အလွန်အမင်း ကြီးမားသောစွမ်းအားက သူ့
အိမ်၌ပေါ်လာသည်ကို သတိပြုမိရာ
သာမန်လူတစ်ယောက်သာဖြစ်သည့် ယွိဟွာတွင်
အန္တရာယ်တစ်ခုခုဖြစ်သွားမည်ကို စိုးရိမ်သဖြင့်
သူ၏အဖွဲ့သားများနှင့်အတူ အိမ်သို့အလျင်အမြန်ပြေး
သွားခဲ့သည်။ တံခါးကိုဖြတ်လာပြီးနောက်
သူမြင်လိုက်ရသည်မှာ ငြိမ်ချမ်းနေသော
အိမ်လေးသာဖြစ်၏။ ယွိဟွာသည် apron ကိုဝတ်ထားလျက် လက်ထဲတွင် ဒယ်အိုးကိုကိုင်ထားသည်။ ဒယ်အိုးထဲတွင် နှစ်ဖက်စလုံး ရွှေဝါရောင်သမ်းနေပြီ ဖြစ်သော ငါးကြော်က အရသာရှိမည့်အနံ့မွှေးမွှေးကို ထုတ်လွှတ်လို့နေ၏။ယုံကျန့်ဖင်ကိုမြင်သောအခါ ယွိဟွာသည် လက်ထဲက ဒယ်အိုးကို မီးပိတ်ထားသောလျှပ်စစ်မီးဖိုပေါ်သို့ တင်လိုက်ကာ သူ၏လက်များကို ခါးပေါ်ရှိ apron ဖြင့်သုတ်လိုက်ပြီးနောက် ပြောလိုက်သည်။
" ငါတို့ရဲ့ လျှပ်စစ်မီတာခကို ချွေတာချင်လို့လေ "
ယုံကျန့်ဖင် : "........"
ကမ္ဘာကြီးကို ဖျက်ဆီးနိုင်လောက်သည့်
တစ်ဦးတည်းသော စွမ်းအားအကြီးဆုံးလူက
သူချစ်ရတဲ့သူ ဖြစ်နေတယ်တဲ့လေ။T/N:
Hello .... ဒါကိုယ့်ရဲ့ ပထမဆုံး translation လေးပါ
အရေးအသား စာလုံးပေါင်းသတ်ပုံ မှားနေတာ အဆင်မပြေတာရှိရင် အားမနာဘဲ ဝေဖန်ထောက်ပြပေးနိုင်ပါတယ်နော် ><____________________________
Zawgyi Versionယွိဟွာ အလုပ်ဖြုတ်ခံလိုက်ရပြီးနောက်
ယုံကျန့်ဖင် : "........"
YOU ARE READING
Mr.Melancholy နေချင်သောငြိမ်းချမ်းတဲ့ဘဝလေး( မြန်မာဘာသာပြန်)
FantasyType - Web Novel (CN) Genre Action Comedy Fantasy Romance Supernatural Yaoi Original Author Cyan Wings ( 青色羽翼 ) Status in COO 122 Chapters + 3 Extras Original Publisher - jjwxc Associated Names 忧郁先生想过平静生活 憂鬱先生想過平靜生活 Both Unicode and Zawgyi avai...