Chapter - 10

1.2K 233 11
                                    


နောက်တစ်နေ့နံနက်၌ ခံ့ညားတဲ့ကာကွယ်စောင့်ရှောက်သူဦးလေးက ကျန်းလီအားသူ၏နေရာထဲသို့တစ်ဖန်ပြန်ပိတ်ပစ်လိုက်ပြီး ရွှိယန်ခရိုင်ရှိလူသူကင်းမဲ့သောပန်းခြံတစ်ခုဆီတွင်ထားခဲ့လေသည်။

ကျန်းလီသည် ပန်းခြံတစ်ဝိုက်ကိုနှစ်ပတ်လောက်ပတ်လျှောက်လိုက်ပြီးနောက် အနီးအနားတွင်သက်ကြီးရွယ်အိုအမျိုးသားများနှင့်အမျိုးသမီးများကနံနက်ခင်းလမ်းလျှောက်ထွက်နေကြသည်ကိုတွေ့မိလိုက်ရာ အူကြောင်ကြောင်ဖြစ်သွားတော့သည်။သူကိုဒီအတိုင်းလွှတ်ပေးလိုက်တာလား?

သူတို့ သူ့ကိုဘာလို့လွှတ်ပေးလိုက်ကြတာလဲ? ကျန်းလီလုံးဝနားမလည်နိုင်တော့ပေ။

အရိုးသားဆုံးပြောရလျှင် ကျန်းလီသည် သူ့ရဲ့IQ နှင့်တော့ ကြေးမုံမှတစ်ဆင့်ညွှန်ကြားချက်တွေပေးခဲ့သည့် အနှီပညာရှင်ကိုလုံးဝလိုက်မမှီနိုင်ဘူးဟုခံစားခဲ့ရ၏။

ထို့ကြောင့်သူ ပန်းခြံထဲတွင်တိုးတိုးလေးပြောကြည့်လိုက်သည်။
"ဆရာ ၊ ကြီးမြတ်တဲ့အရှင် ၊ စီနီယာ ? အဲဒီမှာရှိနေလား ? ကျွန်တော်ဘာဆက်လုပ်ရမလဲ? "

သူခဏလောက်သူခိုးတစ်ယောက်လိုအော်နေပြီးနောက် ရိုးရာဝတ်စုံဝတ်ထားကာငှက်တစ်ကောင်ကိုသယ်လာသည့် ဦးလေးကြီးတစ်ယောက်က ကျန်းလီအားတိတ်တဆိတ်ကြည့်သွားလေသည်။

ကျန်းလီ "........"

သူလည်ချောင်းကိုပွတ်လိုက်ပြီး
"အဟမ်း၊ ကျွန်တော့်အသံကိုလေ့ကျင့်နေတာလေ"

ဦးလေးကြီးကပြုံးလိုက်ပြီး "မင်းလိုစောစောထတဲ့လူငယ်တွေကိုတွေ့ရခဲတယ်"

ထိုဦးလေးကိုင်ထားသည့် ကြက်တူရွေးကသူ့အတောင်ပံတွေကိုဖြန့်လိုက်ကာ ကျယ်လောင်စွာပြောလာလေသည်။
" ကြီးမြတ်တဲ့အရှင်၊ အဲ့ဒီမှာရှိနေလား.... ကြီးမြတ်တဲ့အရှင်၊ အဲ့ဒီမှာရှိနေလား "

ကျန်းလီပင့်သက်ရှိုက်လိုက်မိ၏။သူ့အသံကတိုးတိုးလေးလေ၊ ဒီကြက်တူရွေးကဘယ်လိုကြားသွားတာလဲဟ?

သူခပ်တည်တည်ဖြင့် အိတ်ကပ်ထဲမှကြိုးမဲ့နားကြပ်ကိုထုတ်ကာ နားထဲသို့ထည့်လိုက်ပြီး

Mr.Melancholy နေချင်သောငြိမ်းချမ်းတဲ့ဘဝလေး( မြန်မာဘာသာပြန်)Where stories live. Discover now