Chapter - 34

868 166 5
                                    


ယွမ်လော့ရစ် မှန်ထဲသို့ကြည့်နေရင်း သူဝတ်ထားသည့် သက်သောင့်သက်သာမဖြစ်စေသော လျော့ရဲနေသည့် ရှပ်အကျီအား  ဆွဲချွတ်ပစ်လိုက်သည်။

သူက လုပ်ကြံသတ်ဖြတ်သူတစ်ဦးပင်။သူက ပုန်းရှောင်ရန်အဆင်ပြေစေသော အနက်ရောင်အသားကပ်အင်္ကျီများ သို့မဟုတ် လှုပ်ရှားရန်လွယ်ကူစေသည့်အင်္ကျီများကိုသာ ကြိုက်နှစ်သက်ပြီး ဒီလိုမျိုးသူ့လက်မောင်းကိုမြှောက်လိုက်လျှင် သူ့ခါးကိုပေါ်သွားစေပြီး သူလက်မောင်းများကိုချလိုက်လျှင် သူ့ပခုံးများကိုပေါ်သွားစေသည့် ရောင်စုံရှပ်အင်္ကျီများကိုတော့ လုံးဝမနှစ်သက်ပေ။

ဒီလို လျော့ရိလျော့ရဲဖြစ်နေသည့် ရှပ်အကျီမျိုးနှင့်သာဆိုလျှင် အမှောင်ထဲ၌ပုန်းနေမည်ဆိုရင်တောင် င်္အကျီအစွန်းအစများက ထွက်နေမှာဖြစ်ပြီး ဘယ်လုပ်ကြံသတ်ဖြတ်သူမှ ဤကဲ့သို့သော အဝတ်အစားမျိုးကို ဝတ်ဆင်လိမ့်မည်မဟုတ်ချေ။

ဘောင်းဘီကတော့ အဆင်ပြေပါသည်။အနက်ရောင်လည်းဖြစ်သည့်အပြင် တင်းကျပ်နေပြီး လှုပ်ရှားရလွယ်ကူစေသော်လည်း ဒူးနှင့်ပေါင်နေရာများတွင်တော့ အသားအရေကိုပေါ်နေစေသည့် အပေါက်အပြဲများပါနေပြန်သည်။ယွမ်လော့ရစ် ၎င်းတို့ကိုဖုံးကွယ်ဖို့ အကြိမ်ကြိမ်ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့သဖြင့် ဒီအတိုင်းသာထားလိုက်ရတော့သည်။

ဒါက သိပ်တော့အရးမကြီးပါချေ။ဘာပဲဖြစ်ဖြစ် ယာယီသာဖြစ်လေသည်။ကာကွယ်စောင့်ရှောက်ရေးအဖွဲ့အစည်းဆိုတဲ့ လှောင်အိမ်ထဲကထွက်ရဖို့အတွက် အဆင်မပြေတဲ့အဝတ်အစားအချို့ကို ဝတ်ဆင်ရတာက ဘာမှမဟုတ်ပါဘူး!

ယွမ်လော့ရစ် ဤနေရာကို တော်တော်လေးလုံလောက်နေပြီပင်။နေ့တိုင်း အိပ်လိုက်၊စားလိုက်၊မေးခွန်းတွေမေးခံရလိုက်၊ဥပဒေတွေ၊စည်းမျဥ်းတွေ၊ကျင့်ဝတ်တွေ၊စံနှုန်းတွေ အားလုံးကို အလွတ်ကျက်နေရလိုက်နဲ့။သူမျက်နှာသစ်နေရင်တောင်မှ အခန်းထဲမှာရှိနေတဲ့ ဟောပြောသူကြီးက 'အယူဝါဒနှင့် ကိုယ်ကျင့်တရားပညာ' ကိုဖွင့်ထားသေးသည်။သက်ကြီးရွယ်အိုများကို ရိုသေလေးစားခြင်း၊ ချစ်ခင်မြတ်နိုးခြင်း ၊ လူမှုစည်းစိမ်ကိုစောင့်ထိန်းခြင်း ၊ လူမှုကျင့်ဝတ်သိက္ခာများကို လိုက်နာခြင်း ၊ မှန်ကန်သောတန်ဖိုးများ ချမှတ်ခြင်း ၊ကောင်းမွန်သော စိတ်ထားရှိခြင်း.....

Mr.Melancholy နေချင်သောငြိမ်းချမ်းတဲ့ဘဝလေး( မြန်မာဘာသာပြန်)Where stories live. Discover now