Chapter - 21

940 208 10
                                    


နံနက်ခင်းစောစော၌ ယွိဟွာသည် တီဗွီမှသတင်းချန်နယ်အားဖွင့်လိုက်၏။မနက်ခင်းသတင်း၏ နောက်ခံအသံနှင့်အတူ သူ၏ခါးပေါ်၌ Apron ကိုချည်လိုက်ကာ အဆာပလာများကိုလှီးဖြတ်၍ ဂျုံများကိုလှိမ့်နေပြီး ဖက်ထုပ်များပြုလုပ်လို့နေသည်။

ယုံကျန့်ဖင်က တစ်ညလုံး သူ့ဆီ message လေးတစ်ကြောင်းပင် ပို့မလာခဲ့။ယွိဟွာကလည်း သူ့အလုပ်ကို အနှောက်အယှက်ဖြစ်စေမှာစိုးရိမ်ပြီး စာလှမ်းမပို့ခဲ့ပါချေ။

အရန်ရဲသားတွေ၏ လုပ်ငန်းခွင်အကြောင်းကို သူကောင်းကောင်းမသိသော်လည်း တာဝန်ကျနေစဥ်၌ message များကို ခိုးကြောင်ခိုးဝှက်ကြည့်ခြင်းမှာ စည်းကမ်းမလိုက်နာရာကျကြောင်းကတော့ သေချာသည်။ယွိဟွာက နားလည်မှုရှိပြီး မွန်မြတ်သည့်မိသားစုဝင်သာဖြစ်ချင်ပြီး သူယုံကျန့်ဖင်အား ဒုက္ခတော့မပေးချင်ပေ။

ယွိဟွာသည် ယုံကျန့်ဖင်အား တစ်ညလုံး စိတ်ပူနေခဲ့သော်လည်း မနေ့ညက သူ့ခင်ပွန်းသည် အချိန်ပိုအလုပ်ဆင်းရသည့်အတွက် အနည်းငယ်တော့ ဝမ်းသာမိခဲ့သည်။သူတို့အိမ်မှာ စောင့်ကြည့်ခံရမှုရှိတာလား မရှိတာလားဆိုတာက မသေချာသေးသည်ဖြစ်ရာ သူအိမ်၌မရှိခင်၌ ဖြစ်ပျက်သွားခဲ့သည့်အရာအားလုံးကို သိရလျှင် ပိုကောင်းလိမ့်မည်ဟု ယွိဟွာဖက်ထုပ်များကိုထုပ်နေရင်း တွေးလိုက်မိသည်။

ထိုအချိန်မှာပဲ သူ၏မျက်လုံးများရှေ့၌ လူသားပုံသဏ္ဌာန်များစွာ ပေါ်လာသည်။သူတို့၏ခေါင်းဆောင်မှာ ဟိုနေ့ကကျန်းလီနှင့် ဘတ်စကက်ဘောပစ်ပြိုင်ပွဲပြုလုပ်ခဲ့သည့် အနှီကြည့်ကောင်းသည့်ဦးလေးပင်ဖြစ်သည်။ထိုသူက အခြားသူများအားမီးဖိုခန်းထဲ၌ရှာဖွေရန် ဦးဆောင်ခေါ်သွားလေ၏။

ယွိဟွာလက်တစ်ဖက်ကို ဆန့်ထုတ်လိုက်ရာ ထိုကြည့်ကောင်းသည့်ဦးလေးမှာ ပုံရိပ်တစ်ခုသာဖြစ်ကြောင်းကို သိလိုက်ရသည်။

ဤသည်မှာ "အချိန်ပြန်ဆုတ်ခြင်း" ပင်ဖြစ်ပြီး ယွိဟွာ၏ ချိပ်ပိတ်ထားသောစွမ်းရည်တစ်ခုလည်း ဖြစ်သည်။၎င်းကစီစီတီဗွီကင်မရာမှတ်တမ်းကို ပြန်ကြည့်နိုင်သကဲ့သို့ပင် လွန်ခဲ့သည့်နာရီအနည်းငယ်မှစပြီး ယခင်ကုန်ဆုံးခဲ့ပြီးဖြစ်သောနှစ်ပေါင်းများစွာအထိ ဤနေရာ၌ဖြစ်ပျက်ခဲ့သမျှကို ပြန်ကြည့်နိုင်မည်ဖြစ်ပြီး ၎င်းတို့အားဤစွမ်းရည်ကို အသုံးပြုသူတစ်ယောက်တည်းသာလျှင် မြင်နိုင်မည်ဖြစ်သည်။

Mr.Melancholy နေချင်သောငြိမ်းချမ်းတဲ့ဘဝလေး( မြန်မာဘာသာပြန်)Where stories live. Discover now