Chapter - 27

897 199 11
                                    


"စုံစမ်းစစ်ဆေးရေးအစီရင်ခံစာ"

အမည် - ယွိဟွာ

Sex - Male

အသက် - ၂၇ နှစ်

ကျန်းမာရေးအခြေအနေ - အရမ်းကောင်း

အလုပ်နေရာ - ကျန်းလီ၏ကုမ္ပဏီ

ရာထူး -
ဝန်ထမ်းရေးရာဌာန၏ စီမံခန့်ခွဲရေးမန်နေဂျာ

Marital status - Married

မိသားစုဝင် - မိဘတွေသေဆုံး၊ အိမ်ထောင်ဖက်ယုံကျန့်ဖင် ၊ သားသမီးမရှိ

Personality -
တည်ငြိမ်သူ ၊ အိမ်မှုကိစ္စကျွမ်းကျင်သူ၊ သာမန်ဆန်သူ

ဝါသနာ - ဟင်းချက်ခြင်း ၊ အိမ်မှုကိစ္စတွေလုပ်ခြင်း

__________

စုံစမ်းစစ်ဆေးရသည့် အကြောင်းအရင်းများ-

၁။ ဖျက်ဆီးသူ ကျန်းလီ၏ ပထမဦးဆုံးဝန်ထမ်းဖြစ်လာခြင်း။

၂။ လွန်ခဲ့သောနှစ်ဆယ့်ငါးရက်က အထက်လူကြီးတစ်ဦးအား ရုတ်တရက်ကြီးထိခိုက်ဒဏ်ရာရစေခဲ့ပြီးနောက် အလုပ်မှနှုတ်ထွက်ခဲ့ခြင်း။

၃။ သူ့အိမ်ထောင်ဖက်အား အေးစက်စွာ ဆက်ဆံလာခြင်း။

__________

စုံစမ်းစစ်ဆေးရေးဖြစ်စဥ် -

၁။ ကျောင်းသားကိုယ်ရေးမှတ်တမ်းများ၊ပညာရေးမှတ်တမ်းများ၊လုပ်ငန်းအတွေ့အကြုံများနှင့် ရင်းနှီးသောလုပ်ဖော်ကိုင်ဖက်များကို သေချာစွာစစ်ဆေးခဲ့သည်။

၂။ အစစ်ဆေးခံ၏လှုပ်ရှားမှုများ၊ဝယ်ယူမှု မှတ်တမ်းများ၊ စိတ်ပိုင်းဆိုင်ရာ ကုသမှု မှတ်တမ်းများ၊အခြားသူများအပေါ် ဆက်ဆံပုံနှင့် ဤနှစ်ဆယ့်ငါးရက်အတွင်း အခြားလက္ခဏာများကိုစစ်ဆေးခဲ့သည်။

၃။ အသက်အန္တရာယ်နှင့်ရင်ဆိုင်ရသည့်အချိန်၌ သူ၏တုံ့ပြန်မှုအား စမ်းသပ်ရန်အတွက် အကျပ်အတည်းစမ်းသပ်မှုတစ်ခုအား ပြုလုပ်ခဲ့သည်။

__________

စုံစမ်းစစ်ဆေးမှု ရလဒ်-

၁။ အစစ်ဆေးခံသည် လွန်ခဲ့သောနှစ်ဆယ့်ငါးရက်က အစားထိုးခံခဲ့ရသော ဖြစ်နိုင်ခြေ- 0%

Mr.Melancholy နေချင်သောငြိမ်းချမ်းတဲ့ဘဝလေး( မြန်မာဘာသာပြန်)Where stories live. Discover now