Chapter - 2

1.9K 353 10
                                    


"ငါဘာလုပ်သင့်တယ်လို့မင်းတို့ထင်လဲ? "

ယုံကျန့်ဖင်သည် အလုပ်သို့ရောက်လျှင်ရောက်ခြင်း သူ့ညီအစ်ကိုများနှင့် စုဝေးလိုက်ကာ စကားအဆက်မပြတ်ပြောတော့သည်။သူသည် ယွိဟွာအလုပ်ပြုတ်တာကအစ ဒီနေ့မနက်မှာသူ့ကို နှုတ်ဆက်အနမ်းမပေးခဲ့တာကအဆုံး တစ်ခုမကျန်အကုန်ပြောပြလေသည်။ထို့နောက် သနားဖွယ်ကောင်းစွာနှင့်ပင် အကူအညီတောင်းခံ
ပါလေ၏။

ယုံကျန့်ဖင်၏ ညီလေး ၁ စန်ရှောင်းက တစ်ချက်သမ်းလိုက်ပြီး အခန့်ထောင့်ရှိ အချိုရည်ဖာထဲမှ Cola တစ်ဘူးကိုယူလိုက်သည်။
"ဂလု ဂလု ဂလု" တစ်ချက်တည်းနှင့် ဘူးတစ်ဝက်ကုန်အောင်သောက်လိုက်ပြီးနောက်
လေချဉ်တက်လိုက်ကာ ဖြည်းဖြည်းချင်းပြောလိုက်၏။

"သူ အလုပ်ရှာပြီးတဲ့အထိ နှစ်ရက်လောက်ဘဲထပ်စောင့်လိုက်"

"ဟုတ်တယ် ဟုတ်တယ်" ညီလေး ၂ ရှီးယုံဖူကလည်း ခေါင်းညိတ်ပြီး ထောက်ခံလာသည်။

"မင်းတို့ အိပ်ယာထဲမှာဘဲ ပြန်အဆင်ပြေသွားလိမ့်မယ်.....အိမ်ပြန်ရောက်ရင် goodnight kiss လေးသာပေးလိုက်"

ယုံကျန့်ဖင်သည် စားပွဲခုံကို ဒေါသတကြီးရိုက်လိုက်ကာ

" မင်းတို့ ငါ့ညီအစ်ကိုတွေရော ဟုတ်သေးရဲ့လား!! အခု ငါ့ဘဝမှာ တစ်ခါမှမကြုံဖူးသေးတဲ့ ပြသာနာကို ရင်ဆိုင်နေရတာနော် ! "

ထိုအခါ သူ့ညီအစ်ကိုအားလုံးသည် အကြီးဆုံးညီလေး ၁ စန်ရှောင်း အားတစ်ပြိုင်နက်ကြည့်လာကြ၏။ယုံကျန့်ဖင်ကို ဖျောင်းဖျပေးပါ
ဟူသည့် အဓိပ္ပာယ်ဖြင့်။

စန်ရှောင်းသည် ကျန်တဲ့Cola ဘူးတစ်ဝက်ကို သောက်လိုက်ကာ လန်ဆန်းတဲ့ Cola ရဲ့အရသာကသူ့ခေါင်းကိုရှင်းလင်းသွားစေသည်။ထို့နောက် ဘူးအခွံကို အမှိုက်ပုံးထဲသို့ပစ်လိုက်ပြီး ယုံကျန့်ဖင်အား ပြောလိုက်၏။

"မင်း အားကို ထိန်းချုပ်ဦး.....အရင်တစ်ခေါက်က စားပွဲခုံဘယ်လိုဖြစ်သွားခဲ့လဲ ဆိုတာမှတ်မိသေးရဲ့လား"

ယုံကျန့်ဖင်သည် ဒေါသထွက်လွယ်သည့် လူမျိုးဖြစ်၏။ သူ စင်ဂယ်ဖြစ်နေတုန်းကတော့ အဆင်ပြေသေးသည်။သူ ထိန်းချုပ်မှု လွယ်လွယ်လွတ်မသွားပေ။သို့သော် သူယွိဟွာကိုတွေ့ပြီးနောက်တွင်တော့ နေ့တိုင်းနီးပါး ပူလောင်နေရသည်။ ယွိဟွာသူ့အတွက် ချက်ပြုတ်ပေးတာကအစ....ယွိဟွာရဲ့ ပြီးပြည့်စုံတဲ့ ခန္ဓာကိုယ်အချိုးအစား.....ပြီးတော့ယွိဟွာရဲ့.....အဟွတ် အဟွတ် ကျန်တာတွေတော့ပြောလို့မဖြစ်တော့ဘူး.....ဘာဘဲဖြစ်ဖြစ် သူစိတ်အလိုမကျသည့်အခါတိုင်း သူ့အင်အားကိုမထိန်းချုပ်နိုင်တော့ဘဲ စားပွဲ ထိုင်ခုံတွေကို ခွဲပစ်တတ်သည်။

Mr.Melancholy နေချင်သောငြိမ်းချမ်းတဲ့ဘဝလေး( မြန်မာဘာသာပြန်)Where stories live. Discover now