Chapter - 40

806 126 1
                                    


လူနှစ်​​ယောက်​ရှိ​နေတာကိုတောင် သူမသိပေ။ယွမ်လော့ရစ်၏မျက်လုံးများက မနက်ဖြန်၏မစ်ရှင်အား ပြီးမြောက်အောင်လုပ်နိုင်ပါ့မလားဟု သံသယဖြစ်စရာပင်။

"မင်းရဲ့ဇာတ်လမ်းက အပေါက်တွေနဲ့ ပြည့်နေတယ်။အဲဒါက ဖြတ်သန်းသူအသစ်ကို လှည့်စားနိုင်မှာမဟုတ်ဘူး"
ဟုယွိဟွာကပြောသည်။

"အစမှာတော့ မင်းအဲ့အတိုင်းပဲပြောလို့ရတယ်။သူ မင်းကိုမေးခွန်းထုတ်လာပြီး မင်းကိုမယုံတော့တဲ့အခါကြရင်တော့ ဒုတိယဇာတ်လမ်းကို ပြောင်းပြောလိုက်"

"အရှင်က အရမ်းစေ့စပ်တာပဲနော်" ယွမ်လော့ရစ်က ဆိုသည်။

"ဒုတိယဇာတ်လမ်းက ဘာများလဲဟင်?"

"ငါမင်းကိုဒီနေ့လာတွေ့ရတဲ့အကြောင်းအရင်းက သူဒီနေ့အရမ်းမောက်မာခဲ့တာကြောင့် သူ့ကိုသတ်ဖို့အတွက် ထောင်ချောက်ဆင်ဖို့အတွက်လို့ပြောလိုက်"

"အဲဒါက အမှန်တရားပဲ မဟုတ်ဘူးလားဟင်?" ယွမ်လော့ရစ်က အံ့သြတကြီးပြောသည်။

ယွိဟွာက အေးစက်စွာ ရယ်မောလိုက်ကာ

"အမှန်တရားနဲ့ အလိမ်အညာ နှစ်ခုကိုပေါင်းစပ်မှသာ သူ့ကိုလှည့်စားနိုင်လိမ့်မယ်"

"ငါက မင်းရဲ့ ကြီးမားတဲ့အချင်းဝက်အတွင်းမှာ အဆိပ်ထုတ်နိုင်စွမ်းကို ကြိုက်တယ်။အခုငါကမင်းကို ရှင်းချန် Mallရဲ့ ရုပ်ရှင်ရုံမှာတွေ့ဖို့စီစဉ်ထားတော့ မင်းကခြောက်ထပ်ကနေ အဆိပ်ကိုထုတ်လိုက်လို့ရတယ်။ဒါက ငါအရင်ကမ္ဘာမှာတုန်းကရခဲ့တဲ့ ဗိုင်းရပ်စ်ပဲ။ကူးစက်ဖို့အရမ်းလွယ်ကူပြီး ကူးစက်ခံရတဲ့သူတိုင်းကို ငါထိန်းချုပ်နိုင်လိမ့်မယ်။အကယ်၍သူသတိထားမိသွားမယ်ဆိုရင်တောင် သူကငါထိန်းချုပ်ထားတဲ့လူအုပ်ရဲ့အလယ်မှာရှိနေလောက်ပြီမလို့ လွတ်လမ်းရှိတော့မှာမဟုတ်ဘူး"

"ဒါပေမယ့် ဥပဒေကိုချိုးဖောက်လို့မရဘူးလို့ ဟာမိတ်အဖွဲ့ကို ပြောဖူးတယ်မလား?" ယွမ်လော့ရစ်က မသေချာမရေရာစွာဖြင့် မေးသည်။

"ကျွန်တော် အဲ့လိုပြောရင် သူယုံပါ့မလား?"

"သူ ယုံလိမ့်မယ်" ယွိဟွာက ပြုံးပြီး ပြောလိုက်သည်။

Mr.Melancholy နေချင်သောငြိမ်းချမ်းတဲ့ဘဝလေး( မြန်မာဘာသာပြန်)Where stories live. Discover now