Chapter - 7

1.3K 248 13
                                    

ကျန်းလီနှင့်ယုံကျန့်ဖင်တို့နှစ်ယောက်က ဘတ်စကတ်ဘော ၃ လုံးကိုကြိုးကွင်းထဲသို့တစ်ပြိုင်နက်တည်းဝင်အောင်ပစ်လိုက်ကြသောအခါ Game Hall ထဲ၌ကစားနေကြသည့်လူအများစုက သူတို့နှစ်ယောက်၏အမိုက်စားပစ်ချက်များကိုကြည့်ရန် ဘတ်စကတ်ဘောပစ်သည့်နေရာသို့ စုဝေးလာကြတော့လေသည်။

သူတို့နှစ်ယောက် ဘတ်စကတ်ဘော ၅ လုံးကို
တစ်ခါတည်း ဝင်အောင်ပစ်လိုက်သည့်အချိန်တွင်သူတို့အားကြည့်ရှူနေကြသည့်ပရိသတ်မှာတော်တော်များများပင်ရှိနေပြီဖြစ်သည်။တချို့ကမူ သူတို့၏ဖုန်းများနှင့် videoရိုက်ကာ internet ပေါ်သို့တင်နေသေးကြ၏။

Videoထဲတွင် တောက်ပသည့်အစိမ်းရောင်ဂျာကင်ကိုဝတ်ဆင်ထားသောလူငယ်လေးတစ်ယောက်က ပြီးပြည့်စုံသောခန္ဓာကိုယ်ရှိသည့်ကြည့်ကောင်းသောဦးလေးတစ်ယောက်နှင့်အတူ ဘတ်စကတ်ဘောပစ်ယှဉ်ပြိုင်နေကြ၏။သူတို့နှစ်ဦး၏ အသွင်အပြင်၊ကိုယ်ဟန်အနေအထားနှင့် နည်းစနစ်ပိုင်းတို့မှာထိပ်တန်းပင်ဖြစ်သည်။ထိုvideoမှာ ချက်ချင်းဆိုသလို မရေတွက်နိုင်အောင်ပင် အကြိမ်ကြိမ်ပြန်တင်ခံနေရပြီဖြစ်၏။

ထို video ၏ထောင့်တစ်နေရာတွင်ပုံရိပ်လေးတစ်ရိပ်ကမကြာခဏဆိုသလိုပေါ်လာတတ်သေးသည်။ထိုလူ၏ အသွင်အပြင်နှင့်ခန္ဓာကိုယ်အချိုးအစားတို့ကလည်း အခြားနှစ်ယောက်ထက်တော့မနိမ့်ပေ။သို့သော်သူ၏အပစ်စွမ်းရည်မှာတော့
အလွန်ညံ့ဖျင်းလေရှာ၏။

မျက်စိရှင်သောသူများသာ ထိုလူအားရှာတွေ့ခဲ့ကြတာဖြစ်၏။

[ ငါ အစကနတ်ဘုရားနှစ်ပါးရဲ့မျက်နှာတွေကိုကြည့်ပြီးသက်ပြင်းချနေခဲ့တာ....အဟွတ် အဟွတ်....နတ်ဘုရားနှစ်ပါးရဲ့စကေးတွေကြောင့် ငါဒူးထောက်အရှုံးပေးတော့မယ့်အချိန်မှာဘဲ videoရဲ့ထောင့်နားကလူကိုတွေ့လိုက်ရတာဘဲ....အဲ့တာကြောင့်သာငါမတ်တပ်ပြန်ရပ်နိုင်ခဲ့တာ.....ငါက
နတ်ဘုရားနှစ်ပါးလောက်တော့မတော်ပေမဲ့ ဘေးကလူထက်တော့သာပါသေးတယ်လေ]

[သုံးယောက်သားဘေးချင်းကပ်ရပ်နေကြတယ်?....ဘတ်စကတ်ဘောကိုဘယ်လိုပစ်ပစ်ကြိုးကွင်းထဲမဝင်တဲ့တစ်ယောက်ကိုမေးပေးကြပါ...နတ်ဘုရားနှစ်ပါးရဲ့ဘေးမှာရပ်နေဖို့ဘယ်ကသတ္တိတွေရလာတာလဲလို့?]

Mr.Melancholy နေချင်သောငြိမ်းချမ်းတဲ့ဘဝလေး( မြန်မာဘာသာပြန်)Where stories live. Discover now