Chapter - 28

866 190 5
                                    


ယုံကျန့်ဖင် ရေသောက်ပြီးသောအခါတွင် သူဘာပြောရမှန်းမသိသောကြောင့် ယွိဟွာအား ရူးကြောင်ကြောင်ဖြင့်သာ စိုက်ကြည့်နေလေသည်။

ယုံကျန့်ဖင်သည် သူတို့၏ရည်းစားဘဝတုန်းကလည်း ယွိဟွာအား ဤကဲ့သို့ အမြဲစိုက်ပြီးငေး ကြည့်နေတတ်ခဲ့သည်။ယွိဟွာမှာ ထိုအချိန်များဆိုလျှင် အနေခက်သလိုခံစားခဲ့ရပြီး ယုံကျန့်ဖင်ကသူ့အား ကြည့်နေတာကို သတိမပြုမိသလိုပဲ ဟန်ဆောင်နေခဲ့သည်။သူ့ဖုန်းထဲက လမ်းညွှန်ချက်တွေကို ကြည့်နေတာပဲဖြစ်ဖြစ်၊ကွန်ပြူတာတစ်လုံးဖြင့် အလုပ်ရှုပ်ချင်ယောင်ဆောင်နေတာပဲဖြစ်ဖြစ်၊သို့မဟုတ် သူ့လက်အောက်ငယ်သားများထံသို့ စာတိုများပေးပို့နေတာမျိုးဖြစ်ဖြစ်၊အလုပ်ပြင်ပတွင် ကိုင်တွယ်ဖြေရှင်းရန် မလိုအပ်အချို့သော ပြဿနာအသေးအမွှားများကို ဖြေရှင်းနေတာမျိုးဖြစ်ဖြစ် လုပ်နေတတ်ကာ သူ့ကိုယ်သူ အလွန်ကောင်းမွန်ပြီး ပရော်ဖက်ရှင်နယ်ဆန်သော အသွင်အပြင်ကို ဖော်ဆောင်ထားခဲ့သည်။

သူသည် ယုံကျန့်ဖင်၏အကြည့်ကို ကြိုက်နှစ်သက်ပါသော်လည်း သူ့၏ညစ်ညမ်းသောအတွင်းစိတ်အစစ်အမှန်ကိုတော့ ရင်ဆိုင်ဖို့ ဆန္ဒမရှိပါချေ။ထို့ကြောင့် သူ့၏အမူအရာ​များအား အခြားအပြုအမူများဖြင့်ဖုံးကွယ်ထားလိုက်ကာ တည်ငြိမ်သည့်အသွင်ကို လုပ်ယူနေရပြီး ယုံကျန့်ဖင်အား သူ့ကို ချစ်ခင်မြတ်နိုးစွာဖြင့်
"မင်းက အရမ်းပရော်ဖက်ရှင်နယ် ဆန်တာပဲ!" ဟုချီးကျူးစေခဲ့သည်။

ဒီလိုအချိန်မျိုးဆိုလျှင် ယွိဟွာက
"ဒါကအသေးအဖွဲလေးပါ။အရေးမကြီးပါဘူး" ဟု နှိမ့်ချစွာ ဖြေလေ့ရှိသည်။

သူသည် နှိမ့်ချစွာဖြင့်ပြုံးပြနေသော်လည်း သူ့နှလုံးသားထဲမှာတော့ ကျေနပ်ပျော်ရွှင်မှုများဖြင့် ပြည့်နှက်နေလေ၏။

ယခု ယုံကျန့်ဖင်၏အမူအရာက အရင်တုန်းကအတိုင်းဖြစ်နေသည်ကို မြင်လိုက်ရရာ ယွိဟွာသည် သူ့လက်ထဲက စက္ကူခွက်အား တင်းကျပ်စွာဖျစ်ညှစ်မိလိုက်သဖြင့် ခွက်ကလေးက ရှုံ့မဲ့သွားရှာသည်။

ယွိဟွာသည် အမှိုက်ပုံးထဲသို့ ထိုစက္ကူခွက်အား ပစ်ချလိုက်ကာ ယုံကျန့်ဖင်၏ နဖူးကိုထိလိုက်ပြီး မေးလိုက်သည်။

Mr.Melancholy နေချင်သောငြိမ်းချမ်းတဲ့ဘဝလေး( မြန်မာဘာသာပြန်)Where stories live. Discover now