Chapter - 29.5

901 185 6
                                    


အထက်လူကြီးများက ယုံကျန့်ဖင်အား အားလပ်ရက် သုံးရက်သာပေးခဲ့သည်။သုံးရက်ကြာပြီးနောက် သူလည်း အလုပ်သို့ပြန်လာခဲ့ပြီး လျန်ယွီဖန်နှင့် အလုပ်လွှဲပြောင်းခြင်းကို အပြီးသတ်ခဲ့၏။

တစ်ဖက်တွင် ယွိဟွာကတော့ အားလပ်ရက် ခုနစ်ရက် တောင်ရရှိခဲ့သည်။ကာကွယ်စောင့်ရှောက်ရေးအဖွဲ့သာ ကျန်းလီအား သွားခွင့်မပြုသေးပါက အားလပ်ရက်များ ထပ်တိုး၍ပင် ရရှိနိုင်ဦးမှာဖြစ်သည်။

လေးရက်မြောက်နေ့တွင် ယုံကျန့်ဖင်က စားစရာဘူးကိုကိုင်ဆောင်ကာ ရဲစခန်းဆီသို့သွားပြီး အစီရင်ခံခဲ့သည်။ထို့နောက် သူ၏အလုပ်မှတ်တမ်းကို ပြုလုပ်ခဲ့ပြီး ကာကွယ်စောင့်ရှောက်ရေးအဖွဲ့အစည်း၏ အခြေစိုက်စခန်းဆီသို့ လျှို့ဝှက်စွာ ပြောင်းရွှေ့ခဲ့၏။အလုပ်မစတင်ခင်တွင် ယုံကျန့်ဖင်က လူတိုင်းကို ကြွားရန်အတွက် မွှေးကြိုင်သောအစားအစာများပါဝင်သည့် စားစရာဘူးကိုဖွင့်လိုက်၏။

"ဒါတွေကို ယွိဟွာက ငါ့အတွက် မနက်အစောကြီးထပြီးချက်ပေးလိုက်တာလေ။ကျန်းမာရေးနဲ့လည်းညီညွတ်ပြီး အရသာလည်းရှိချက်ပဲ!"

စားစရာဘူးထဲတွင် အမဲသားတောက်တောက်စဉ်း၊ကြက်ရင်အုံကြွပ်ကြွပ်ကြော်၊ငရုတ်ကောင်းချဉ်ကြက်ခြေထောက် နှင့် နို့ခဲကြော်တို့ ပါဝင်သည်။အရင်တစ်ခေါက်က ကြက်ခြေထောက်ကင်နှင့်မတူညီသည်မှာ တစ်ကိုက်တည်းဖြင့်စားလို့ရနိုင်သောအစားအစာများဖြစ်ပြီး အဆာပြေမုန့်အနေဖြင့်လည်း စားလို့ရနိုင်သည်။၎င်းတို့က အစာအိမ်ထဲတွင် နေရာသိပ်ယူမည်မဟုတ်ပဲ လျင်မြန်စွာလည်း ချေဖျက်နိုင်လိမ့်မည်ပင်။သကြားနှင့် အဆီများက ပြင်းပြသော စိတ်ကျေနပ်မှုကို ဆောင်ကြဉ်းပေးနိုင်ပြီး ကိုယ်အလေးချိန်တိုးခြင်းကိုလည်း ဆန့်ကျင်သည့် မှော်လက်နက်တစ်ခုပင်ဖြစ်ပေသည်။

ယုံကျန့်ဖင်ကငယ်ရွယ်ပြီး အများကြီးစားနိုင်သည်။ယွိဟွာက သွေးတိုးစေသော၊ကိုလက်စထရောနှင့် သွေးတွင်းသကြားဓာတ်တို့ကို မြင့်မားစေသော စားသောက်နည်းစနစ်ကို စိတ်ပူသောကြောင့် ပုံမှန်အားဖြင့် သူလုပ်သော အစားအစာများအားလုံးမှာ အဆီ၊ဆားနှင့် သကြားပါဝင်မှုနည်းပြီး ကျန်းမာရေးနှင့်ညီညွတ်စေရန်သာ အာရုံစိုက်ထားသည်။အရသာရှိသော်လည်း ခပ်ပေါ့ပေါ့ပင်ဖြစ်သည်။

Mr.Melancholy နေချင်သောငြိမ်းချမ်းတဲ့ဘဝလေး( မြန်မာဘာသာပြန်)Where stories live. Discover now