Chapter - 3

1.7K 301 2
                                    

ယုံကျန့်ဖင်သည် သူ့ညီများနှင့်စုဝေးရန် သန့်စင်ခန်းဆီသို့ အလျင်အမြန်ပြေးလာခဲ့သည်။သန့်စင်ခန်းထဲသို့ရောက်လျှင်ရောက်ခြင်း သူ့ညီများက စိတ်ဝင်စားစွာမေးလာကြ၏။

"ဘယ်လိုလဲ? အဲ့တစ်ယောက် ကြောက်သွားပြီမလား"

"ပါးစပ်ပိတ်ထားစမ်း!"

ယုံကျန့်ဖင်သည် မေးလာတဲ့တစ်ယောက်ရဲ့
နောက်စေ့ကို ပိတ်ရိုက်ပစ်လိုက်ကာ

"ငါ့ကို ပုံမှန်အဝတ်တွေ အမြန်ရှာလာပေးကြ။
ပြီးတော့ငါ့ဆံပင်......ဘုရားရေ....ငါဒီရောင်စုံဆံပင်ကြီးကို ဘယ်လိုလုပ်ရမတုန်း !!"

ထိုအခါ သူ့ညီများမှာ စိတ်အပြောင်းအလဲလွယ်လွန်းတဲ့ သူတို့ရဲ့လောင်သဖြစ်သူကြောင့် ဆွံအသွားကြရတော့၏။ လွန်ခဲ့တဲ့တစ်စက္ကန့်လောက်ကဘဲ ဒီ blind date ကိုဖျက်ဆီးချင်ခဲ့တာလည်းသူဘဲ နောက်တစ်စက္ကန့်ဘဲရှိသေးတယ် ဒီblind date ကိုအဆင်ပြေချင်သွားပြန်ရော။

သူတို့ လောင်သရဲ့ ဒေါသမှာဘယ်အချိန်ထရွာမလည်းမသိနိုင်သည့်နွေရာသီမိုးကဲ့သို့ပင်ဖြစ်၏။

စန်ရှောင်းသည် သန့်စင်ခန်းရှိ ဘုံပိုင်ခေါင်းများကို တစ်ချက်ကြည့်လိုက်ပြီးနောက် ရှီးယုံဖူကို မျက်လုံးဖြင့် လှမ်းအချက်ပြလိုက်ရာ ရှီးယုံဖူက ချက်ချင်းသဘောပေါက်လိုက်ပြီး အပြင်ကလူတွေသန့်စင်ခန်းထဲသို့ဝင်မလာစေရန်အလို့ငှါ တံခါးကိုအမြန်ပိတ်လိုက်သည်။

ပြီးနောက် စန်ရှောင်းက ရေတွေယိုနေပြီဖြစ်သည့် ဘုံပိုင်ခေါင်းများကို ညွှန်ပြလိုက်ရင်း

"လောင်သ မင်းစိတ်ကိုထိန်းဦး"

ထိုအခါမှ ယုံကျန့်ဖင်သည် သူရဲ့ သဘာလွန်စွမ်းအားကြောင့် ပတ်ဝန်းကျင်ကိုမထိခိုက်မိစေရန် စိတ်ကိုအမြန်ပြန်ထိန်းလိုက်ရသည်။

ယုံကျန့်ဖင်၏ စွမ်းအားမှာ ကာကွယ်စောင့်ရှောက်သူများအားလုံးထဲတွင်မှ အင်အားအကြီးဆုံး
နှင့် ထိန်းချုပ်ရအခက်ဆုံးဖြစ်၏။သို့ဖြစ်၍
သူ့စိတ်ခံစားချက်တွေနဲ့ စွမ်းအားကို တည်ငြိမ်စေရန်အလို့ငှါ အနီးကပ် training ပြီးတာနဲ့ ပြင်းထန်သည့်အားကစားတွေကို လုပ်ခဲ့ရတာဖြစ်သည်။

Mr.Melancholy နေချင်သောငြိမ်းချမ်းတဲ့ဘဝလေး( မြန်မာဘာသာပြန်)Where stories live. Discover now