Chapter - 22

973 204 11
                                    


ယွိဟွာ မသိမသာ သက်ပြင်းချလိုက်မိသည်။ဤစကားလုံးများမှတစ်ဆင့် ဒီလူကဖြတ်သန်းသူတစ်ယောက်ဖြစ်သည့်အပြင် ရူးပါရူးနေကြောင်းကို သူလုံးဝသေချာသွားတော့သည်။ပါးစပ်လှုပ်ရုံလေးသာပြောလိုက်သော စကားလေးတစ်ခွန်းက ထိုသူ၏စွမ်းရည်၊စရိုက် နှင့် အားနည်းချက်များအားလုံးကို ထုတ်ဖော်ပေးနိုင်လိုက်သည်။ပင်ကိုယ်စရိုက်နှင့် အားနည်းချက်တို့မှာ တာဝန်ယူဖို့ တကယ်ခက်ခဲလှ၏။

ယွိဟွာသည် ဓားမြှောင်နှင့်ရင်ဆိုင်နေရသည်ဖြစ်ရာ သူ့ခေါင်းကိုမလှည့်ပဲ "ဘာမှမပြောခဲ့ပါဘူး" ဟုသာတည်ငြိမ်စွာ ပြောလိုက်သည်။

သူ ရုံးခန်း၏ ပင်မတံခါးကို လှမ်းကြည့်လိုက်၏။သူထိုတံခါးမှတစ်ဆင့်တော့ သေချာပေါက်မထွက်နိုင်လောက်ပေ။ကာကွယ်စောင့်ရှောက်ရေးအဖွဲ့သည် ရန်သူကိုသတိပေးလိုက်သလိုဖြစ်သွားခြင်းအား ရှောင်ရှားရန်အတွက် ရုံးခန်းအတွင်း၌ စောင့်ကြည့်ရေးကင်မရာများ မတပ်ထားခဲ့ပါချေ။သို့သော်လည်း တံခါးအပြင်ဘက်မှ စင်္ကြံလမ်းပေါ်တွင်တော့ စောင့်ကြည့်မှုများရှိနေ၏။ယွိဟွာက တံခါးမှဝင်သွားပြီး မကြာခင်မှာပဲ ပြန်ထွက်လာလျှင် ဓာတ်ပုံရိုက်ခံရလိမ့်မည်ဖြစ်သည်။အတိတ်ကို ပြောင်းလဲရန် အမျိုးမျိုးသော အကြောင်းပြချက်များကို သုံးနိုင်သော်လည်း ရှောင်ရှားလိုက်ခြင်းကသာ ပိုကောင်းပါလိမ့်မည်။

ရုံးခန်းရှိပြတင်းပေါက်များကတော့ အကျယ်ကြီးဖွင့်ထားပေမယ့် ခန်းဆီးတွေကချထားသေးသည်။လမ်းတစ်ဖက်မှ ရုံးအဆောက်အဦးတွင် စောင့်ကြည့်နေသူများ ရှိနေလိမ့်မည်ပင်။ထိုသူများသည် ရုံးခန်းအတွင်း၌ဖြစ်ပျက်နေသည်များကိုမမြင်နိုင်သော်လည်း ရောင်ခြည်အချက်ပြနည်းစနစ်အား အသုံးပြုလိုက်လျှင် ဤအခန်းအတွင်း၌ လူသုံးဦးရှိနေကြောင်းကို သိရှိနိုင်လိမ့်မည်။သူ ဤအခန်းထဲ၌ ဖြတ်သန်းသူတစ်ယောက်အား သတ်ပစ်လိုက်ဖို့ရန်မှာ မဖြစ်နိုင်ပါချေ။

စိတ်အနှောက်အယှက်ဖြစ်လိုက်တာ...ဘာလို့မလွယ်ကူနေရတာလဲ ! ယွိဟွာ သက်ပြင်းချလိုက်သည်။

"မင်းငါ့ကိုလှည့်စားဖို့ကြိုးစားနေတာလား?" သူ့နောက်ကလူက ယွိဟွာ၏လည်ပင်းနောက်ကို ဖိချလိုက်၏။

Mr.Melancholy နေချင်သောငြိမ်းချမ်းတဲ့ဘဝလေး( မြန်မာဘာသာပြန်)Where stories live. Discover now