Chapter - 11

1.2K 250 10
                                    

ကျန်းလီတစ်ယောက် ဒူးလေးပိုက်ကာရေချိုးခန်းထဲ၌ ထိုင်နေလေ၏။သူ့ကိုကယ်ခဲ့တဲ့ ကြီးမြတ်တဲ့အရှင်ကဘယ်မှာလဲဆိုတာလည်းမသိသလို ဘယ်အချိန်မှပေါ်လာမှာလည်းဆိုတာလည်းမသိပေ။စာပို့လာရင် လွတ်သွားမှာကြောက်၍ ရေချိုးခန်းကြမ်းပြင်ပေါ်၌ထိုင်နေရင်း အိပ်တောင်ငိုက်လာတော့သည်။ထို့အပြင် သူတစ်ညလုံးလည်းမအိပ်ရသေးသည်ဖြစ်ရာ အိပ်ငိုက်ခြင်းကိုရှောင်လွှဲဖို့ရန်မှာမဖြစ်နိုင်တော့ချေ။

သူထပ်ခါထပ်ခါ ခေါင်းငိုက်စိုက်ကျပြီးအိပ်ငိုက်နေချိန်တွင် အနီရောင်ရေးရေးက သူ့မျက်လုံးရှေ့တွင် ဝေဝေဝါးဝါးပေါ်လာလေ၏။သူရုတ်တရက်မျက်လုံးကိုအမြန်ဖွင့်လိုက်ရာ သူ့အရှေ့၌အနီရောင်စာကြောင်းသေးသေးလေးတစ်ကြောင်းကိုတွေ့လိုက်ရလေသည်။စကားလုံးတွေကဝေဝါးနေပြီး သူရှင်းရှင်းလင်းလင်းမမြင်ရသဖြင့် မျက်စိကိုမှေးပြီးကြည့်နေရသည်။

ဒီတစ်ကြိမ် သူ့အရှေ့၌ပေါ်လာသည့်မှန်လေးမှာ အချင်း ၅ စင်တီမီတာသာရှိပြီး စာလုံးတွေကလည်းသွေးဖြင့်ဘဲရေးထားပုံပင်။တစ်ဖက်လူမှာ အလွန်သေးငယ်သောစကားလုံးများကိုသွေးဖြင့်ရေးရန် မည်သည့်ကိရိယာကိုအသုံးပြုခဲ့လဲမသိ။အစပထမကတော့ ကျန်းလီစာလုံးများအားရှင်းရှင်းလင်းလင်းဖတ်လို့ရနိုင်သေး၏။သို့သော်စာရေးပြီးသွားသောအခါ သွေးတွေကအောက်သို့ကျလာပြီး လက်ရေးအားဝေဝါးသွားစေပုံရသည်။သူအိပ်ငိုက်နေသဖြင့် စာလုံးတွေအားအရှင်းလင်းဆုံးဖတ်နိုင်မည့်အချိန်ကိုလွတ်သွားပြီး အခုတော့စာလုံးအချို့ကိုသာရှင်းလင်းစွာဖတ်နိုင်တော့သည်။

"...သွားပြီး...စောင့်နေ...ဝတ်...ရှင်းခဲ့...အလုပ်...ခဝါချ...ပိုက်ဆံ...အချိန်... Sys ..." ကျန်းလီစာလုံးတွေကိုဖတ်နိုင်ရန်ရုန်းကန်နေရသည်။

"ဒီစကားလုံးတွေကဘာတွေလဲဟ? နေ...နေဦး..မပျောက်သွားသေးနဲ့...ငါအခုထိနားမလည်သေးဘူးလို့!"

ကြီးမြတ်တဲ့အရှင်ကတော့ သူ့အသံအားကြားနိုင်ပုံမရပေ။ကျန်းလီ ဘာတွေရေးထားမှန်းနားမလည်သေးခင်မှာဘဲ မှန်ကအစိတ်စိတ်အမွှာမွှာကွဲသွားပြီးပျောက်သွားလေ၏။

Mr.Melancholy နေချင်သောငြိမ်းချမ်းတဲ့ဘဝလေး( မြန်မာဘာသာပြန်)Where stories live. Discover now