Chapter - 9

1.2K 235 5
                                    


"သူပြောခဲ့တဲ့စကားတွေက ဘယ်လောက်ထိမှန်တယ်ထင်လဲ"

စစ်ဆေးမေးမြန်းမှုပြီးဆုံးသွားသောအခါ ဒါရိုက်တာရှောက်သည်အဖွဲ့ ၀င်နှစ်ဦးကို ကျန်းလီအားစောင့်ကြည့်ရန်ထားခဲ့ပြီး အခြားသူများကတော့ဆွေးနွေးကြရန် အသံလုံသည့်အခန်းတစ်ခန်းဆီသို့သွားလိုက်ကြသည်။စန်းရှောင်းသည် စစ်ဆေးမေးမြန်းမှုမှတ်တမ်းကိုစီစစ်လိုက်ပြီး print ထုတ်လိုက်ကာ လူတစ်ဦးချင်းစီအား မိတ္တူတစ်စောင်စီပေးလိုက်၏။

ဒါရိုက်တာရှောက်နှင့်အသက်တူသောကာကွယ်စောင့်ရှောက်သူတစ်ဦးက
"သူပြောတာတွေကအမှန်တစ်ဝက် အမှားတစ်ဝက်တွေ...သူကဇာတ်လမ်းတစ်ပုဒ်ကိုတော့ကောင်းကောင်းထွင်ပြောတတ်သားဘဲ"

သူပေါ့ပေါ့ပါးပါးဘဲရယ်မောလိုက်ကာ အတိတ်ကအမှတ်တရတွေက်ိုအမြတ်တနိုးသတိရနေပုံရသည်။
"ဒီလိုမိုက်မဲတဲ့ဖျက်ဆီးသူကို ငါပထမဆုံးအကြိမ်တွေ့ဖူးတာဘဲ၊ ပြီးတော့သူက System နဲ့ Big Boss အကြောင်းကိုဖော်ထုတ်ခဲ့တာတောင်မှသူ့ကိုယ်သူမပေါက်ကွဲသွားခဲ့ဘူး.....သူကတကယ်ပဲ ဖျက်ဆီးသူတစ်ယောက်မဟုတ်တာလည်းဖြစ်ကောင်းဖြစ်နိုင်တယ် "

ကာကွယ်စောင့်ရှောက်သူများက်ို လှည့်စားရန်မှာလွယ်ကူသည်မဟုတ်။သူတို့သည်တိုက်ပွဲများစွာကိုတွေ့ကြုံဖူးပြီးအမျိုးမျိုးသောဖျက်ဆီးသူများစွာကိုကြုံတွေ့ခဲ့ဖူးသည်။ ထောင်ချောက်အမျိုးမျိုးကိုလည်းတွေ့ကြုံဖူး၏။သူတို့ ကျန်းလီ၏စကားကို လွယ်လွယ်ကူကူယုံလိုက်မှာတော့မဟုတ်ပေ။

ဒါရိုက်တာရှောက်ကပြောသည်။
"ငါနည်းပညာအဖွဲ့ဆီ ဒီဖုန်းကိုမရေမတွက်နိုင်အောင်စစ်ဆေးခိုင်းခဲ့ပြီး ကျန်းလီပြောခဲ့တဲ့ App ကမရှိဘူးဆိုတာကိုသေချာအောင်လုပ်ခဲ့တယ်။ပြီးတော့ငါ စွမ်းအင်တွေကိုကောင်းကောင်းထောက်လှမ်းနိုင်တဲ့ကာကွယ်စောင့်ရှောက်သူတစ်ယောက်ကိုလည်းစစ်ဆေးကြည့်ခိုင်းပြီးပေမယ့်သူလည်းထူးထူးခြားခြားစွမ်းအင်တော့မခံစားမိဘူးတဲ့။ကြည့်ရတာအဲ့ဖုန်းထဲကစွမ်းအားကငါတို့မထောက်လှမ်းနိုင်၊ မတွေ့နိုင်တဲ့အမှောင်ထုစွမ်းအင် မဟုတ်ရင် ထင်ယောင်ထင်မှားဘဲဖြစ်နိုင်တယ် "

Mr.Melancholy နေချင်သောငြိမ်းချမ်းတဲ့ဘဝလေး( မြန်မာဘာသာပြန်)Where stories live. Discover now