Chapter 14

1K 233 8
                                    

ကျန်းလီကတော့ ယွိဟွာ၏ ပိုပိုပြီးအန္တရာယ်များလာသောအမူအရာကို သတိမထားမိပဲ စကားသာဆက်ပြောလို့နေ၏။

"ကျွန်တော် ကားတိုက်မှုမှာ သေဆုံးသွားပြီးတော့  System က ကျွန်တော့်ကိုရွေးချယ်ခဲ့တာလေ။အပိုတစ်ရက်နေထိုင်ရတာက အချည်းနှီးပါပဲ။ကျွန်တော် စိတ်ချမ်းသာအောင်နေထိုင်ဖို့တော့ လိုတာပေါ့။ဟို သီချင်းစာသားလိုပဲလေ

"ဆောင်းဦးရာသီအနည်းငယ်ကိုဖြတ်ကျော်ပြီးရင် ဘဝကပြီးဆုံးပြီလေကွယ်....အရက်လေးမသောက်ရသေးပဲနဲ့တော့ မသေနိုင်သေးဖူးလေ"

"ကျွန်တော် ပထမဆုံးမစ်ရှင်ကို အောင်မြင်သွားတော့  စဥ်းစားကြည့်ခဲ့တယ်။ ကျွန်တော့်ရဲ့စွမ်းရည်က သာမန်ပဲလေ။အကယ်၍ ကျွန်တော်သာ တက်တက်ကြွကြွနဲ့ level တက်ဖို့ကြိုးစားခဲ့ရင် ဘေးကင်းတဲ့ အသစ်တွေအတွက် levels တွေကိုအမြန်ကျော်ဖြတ်သွားပြီး ပုံမှန် levels တွေကိုရင်ဆိုင်ကျော်ဖြတ်ရတော့မှာ။အဲ့ဆိုရင် ကျွန်တော်ပထမနေ့မှာတင် သေသွားနိုင်လောက်တယ်"

" ဒီတွက်ချက်မှုအရ အကယ်၍ ကျွန်တော်သာ အသစ်တွေအတွက်ကမ္ဘာဆယ်ခုမှာ နှစ်တစ်ရာလောက် ဘေးကင်းအောင်နေထိုင်နိုင်ခဲ့ရင် သာမာန်လူတွေထက် တွက်ခြေကိုက်နိုင်တယ်"

"ဒါကြောင့် ကျွန်တော် Level တစ်ခုချင်းစီကို အလေးအနက်ဖြတ်သန်းခဲ့ပြီး ကမ္ဘာတစ်ခုစီတိုင်းမှာ ပျော်ပျော်ရွှင်ရွှင်နေထိုင်ခဲ့တယ်"

ကျန်းလီသည် ယွိဟွာအား လေးလေးနက်နက်ကြည့်လိုက်ရာ ယွိဟွာက စားပွဲခုံပေါ်တွင် လက်တစ်ဖက်ကိုတင်ထားပြီး အတွေးထဲနစ်နေပုံရကာ

လက်ချောင်းထိပ်များဖြင့် စားပွဲခုံကိုခေါက်နေ၏။ခေါက်သံတစ်ချက်တစ်ချက်တိုင်းက ကျန်းလီ၏နှလုံးသားထဲအထိ ထိမှန်သွားစေရာ ကျန်းလီအား အလိုအလျောက် ဒူးထောက်သည့် အနေအထားသို့ ပြန်ရောက်သွားစေသည်။

"မင်းမှန်တယ်" ယွိဟွာက ရုတ်တရက်ပြောလာ၏။

"ကိုယ့်အကြောင်းကို ကောင်းကောင်းနားလည်ပြီး အကျိုးဆက်ကို ခံယူလိုစိတ်ရှိတယ်။ အကျိုးရလဒ်တွေကို မမျှော်လင့်ဘဲ ဘဝကိုပျော်ပျော်ရွှင်ရွှင်ပဲဖြတ်သန်းတယ်။မင်းက ပညာရှိတဲ့လူပဲ"

Mr.Melancholy နေချင်သောငြိမ်းချမ်းတဲ့ဘဝလေး( မြန်မာဘာသာပြန်)Où les histoires vivent. Découvrez maintenant