Chapter - 6 ( Unicode )

1.3K 232 12
                                    


"အိုက်ရား...." ယုံကျန့်ဖင်၏အနောက်မှ ကျန်းလီကသက်ပြင်းအရှည်ကြီးချလိုက်သည်။

ကျန်းလီက သူ့ဖုန်းကိုထုတ်လိုက်ပြီး သူတစ်ယောက်တည်းသာမြင်နိုင်သည့် မစ်ရှင်ကိုဖွင့်လိုက်၏။

[ ဒီမဖွံ့ဖြိုးသေးတဲ့ကမ္ဘာပေါ်မှာ ၁၅နှစ်ကြာပုန်းအောင်းနေတဲ့ Final Boss ကိုရှာပြီးသတ်ပါ။အောင်နိုင်သူက အဆုံးစွန်ထိဖြတ်ကျော်နိုင်တဲ့နောက်ထပ် player တစ်ယောက်ဖြစ်လာပါလိမ့်မယ်။ဂိမ်းထဲမှရရှိထားတဲ့ စွမ်းအားတွေနဲ့ items တွေအားလုံးကိုကမ္ဘာအစစ်ဆီကိုယူဆောင်လာနိုင်ပြီး ကြ်ုက်ရာဆန္ဒတစ်ခုကိုလည်းတောင်းခွင့်ရှိပါတယ် ]

၎င်းမှာလွန်ခဲ့တဲ့ရက်အနည်းက System မှရုတ်တရက်ပေးပို့လာခဲ့သည့် လျှို့ဝှက်မစ်ရှင်ဖြစ်သလို ဖြတ်လမ်းမစ်ရှင်တစ်ခုလည်းဖြစ်၏။

System ရဲ့ပြင်းထန်တဲ့စည်းမျဉ်းတွေအရ နောက်ဆုံး level ကိုအောင်မြင်နိုင်ဖို့ဆိုတာ အိပ်မက်တစ်ခုလိုဘဲဖြစ်သည်။၎င်းကို ဘုရားသခင်ကလည်းကြိုတင်တွက်ချက်ပြီးသားဖြစ်လိမ့်မည်။နောက်ဆုံး level ကိုအောင်မြင်ဖို့ဆိုလျှင် ရာပေါင်းများစွာသောကမ္ဘာတွေကိုကျော်ဖြတ်မှရမည်ဖြစ်၏။ကမ္ဘာတစ်ခုချင်းစီတွင်သေစေနိုင်လောက်သည့်အန္တရာယ်တွေကစောင့်ကြိုနေမှာဖြစ်ပြီး တဖြည်းဖြည်းခက်ခဲပြီးရင်းခက်ခဲလာမှာဖြစ်လေသည်။အောင်မြင်သွားခဲ့ရင်တောင် ထိုလူမှာလူတစ်ယောက်မဟုတ်တော့ဘဲ ခံစားချက်မရှိသည့်စက်ရုပ်တစ်ရုပ်ကဲ့သို့ဖြစ်သွားလိမ့်မည်ပင်။

သမိုင်းတွင် လွန်ခဲ့တဲ့၁၅နှစ်ကလူတစ်ယောက်ကသာ levelအားလုံးကို ပြီးမြောက်အောင်မြင်ခဲ့ပြီး ထိုလူမှာအောင်မြင်ပြီးတာနှင့် ချက်ချင်းဆိုသလိုပျောက်ချင်းမလှပျောက်ကွယ်သွားခဲ့၏။တချို့လူတွေကတော့ ထိုသူ၏စွမ်းအားအဆင့်မှာဘုရားသခင်၏စွမ်းအားအဆင့်ထိတောင်ရောက်နေပြီဟုဆိုကြသည်။သူက ဘုရားသခင်ကိုသတ်ပစ်လိုက်ပြီး ဖန်ဆင်းရှင်အသစ်ဖြစ်လာနိုင်ဖွယ်ရှိသည်ဟု ခန့်မှန်းခဲ့ကြ၏။

ကျန်းလီကတော့ ၎င်းကိုနားမလည်နိုင်ခဲ့ချေ။နှစ်ပေါင်းထောင်နဲ့ချီအောင် Systemရဲ့နှိပ်စက်တာခံခဲ့ရတဲ့လူတစ်​ယောက်က ဘယ်လိုလုပ်ဖန်ဆင်းရှင်အသစ်ဖြစ်ဖို့ရွေးချယ်ပြီး သူခံစားခဲ့ရသလိုမျိုး တစ်ပုံစံတည်းအခြားသူတွေကိုပြန်နှိပ်စက်နေနိုင်မှာလဲ?

Mr.Melancholy နေချင်သောငြိမ်းချမ်းတဲ့ဘဝလေး( မြန်မာဘာသာပြန်)Where stories live. Discover now