Chapter - 39

722 146 9
                                    


ယွမ်လော့ရစ်မှာ နေစရာမရှိပေ။သူ ဤကမ္ဘာပေါ်သို့စရောက်လာခဲ့သည့်အချိန်ကတည်းကပင် ရေဆိုးမြောင်းများ၏အနား၌နေသော လူလေလူလွင့်တစ်ယောက်သာ ဖြစ်ခဲ့သည်။သူကျန်းလီ၏အနောက်သို့လိုက်နေသည့်အချိန်တုန်းကလည်း သက်ကြီးရွယ်အိုတစ်ဦးအဖြစ်ဟန်ဆောင်ကာ ပန်းခြံရှိခုံတန်းလျားများပေါ်၌ နေထိုင်ခဲ့ရသည်။သူကုမ္ပဏီသို့ဝင်ခဲ့တော့လည်း ကျန်းလီကဆင်းရဲသောကြောင့် ဝန်ထမ်းများအတွက် တိုက်ခန်းငှါးပေးရန်လည်း ပိုက်ဆံမရှိသလို ယွမ်လော့ရစ်အား သူ့မြေအောက်ခန်းထဲ၌ ပေးနေဖို့လည်း ဆန္ဒမရှိခဲ့ပေ။ထို့ကြောင့် ယွမ်လော့ရစ်အတွက် ယွမ်တစ်ရာကျော်သော ခေါက်ကုတင်တစ်လုံးကိုသာဝယ်ပေးခဲ့ပြီး ရုံးခန်းထဲ၌ညအိပ်ခိုင်းခဲ့သည်။

ယွမ်လော့ရစ်သည် ဤအရာကခက်ခဲလွန်းသည်ဟု အမှန်တကယ်ပင် မခံစားရပေ။လုပ်ကြံသတ်ဖြတ်သူတစ်ယောက်အနေဖြင့် သူ့ကိုယ်သူဖုံးကွယ်ရန်အတွက် အိမ်တံစက်မြိတ်အောက်၊ ကုတင်အောက်၊ ကားတွေပေါ်၌ ခဏခဏနေခဲ့ဖူးသည်... အချုပ်အားဖြင့်ဆိုရသော် သူက နေရာတိုင်းနီးပါး၌နေခဲ့ဖူးပြီး ကုတင်တစ်လုံးသာရှိနေပါက သူအတွက်အဆင်ပြေပြီဖြစ်သည်။ရုံး၏ရေချိုးခန်းထဲ၌ ရေပူပေးစက်နှင့် shower လည်းပါရှိသောကြောင့် သူရေလည်းချိုးနိုင်သည်ဖြစ်ရာ ပန်းခြံထဲမှာ နေထိုင်ရတာထက်စာလျှင် တော့ အများကြီးပိုကောင်းသည်။

ထို့အပြင် သူကကုမ္ပဏီ၏ သန့်ရှင်းရေးမန်နေဂျာလည်းဖြစ်သဖြင့် နေ့စဥ်နေ့တိုင်း အလုပ်မဆင်းခင်တစ်နာရီအလို၌ ရုံးခန်းအား သန့်ရှင်းရေးလုပ်ရသေးသည်။ထိုနေရာ၌အိပ်ခြင်းဖြင့် သူ့အတွက် သွားလာချိန်ကိုလည်း သက်သာစေနိုင်ကာ သူအိပ်ရာကထသည်နှင့် ချက်ချင်းသန့်ရှင်းရေးလုပ်လို့ရနိုင်သည်။သူ့ရဲ့လုပ်ဖော်ကိုင်ဖက်သုံးယောက် အလုပ်သို့ရောက်လာချိန်တွင် ယွမ်လော့ရစ်က ရုံးခန်းအား သန့်ရှင်းရေးလုပ်ပြီးသွားပြီဖြစ်သည်။

ယွိဟွာသည် ပန်းခြံရှိ သစ်ပင်များအား ပြန်လည်အသက်သွင်းပြီးနောက် ကာကွယ်စောင့်ရှောက်သူများ ပိုမိုရောက်ရှိလာသည်ကို တွေ့လိုက်ရသဖြင့် ပန်းခြံမှထွက်ကာ ကုမ္ပဏီသို့သွားခဲ့သည်။သူ ယွမ်လော့ရစ်ကိုသွားရှာတာဖြစ်သည်။

Mr.Melancholy နေချင်သောငြိမ်းချမ်းတဲ့ဘဝလေး( မြန်မာဘာသာပြန်)Where stories live. Discover now